အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဆွေးနွေးညှိနှိုင်းမှုများ မတိုင်မီ ဦးနု မနက်စာစားစဉ်။ ရပ်နေသူများ ဝဲမှယာသို့ : အိုင်စီအက်စ် ဦးချန်ထွန်း၊ ဗန်ကိုဟော၊ ဦးထွန်းလင်း
ဆွေးနွေးညှိနှိုင်းမှုများ မတိုင်မီ ဦးနု မနက်စာစားစဉ်။ ရပ်နေသူများ ဝဲမှယာသို့ : အိုင်စီအက်စ် ဦးချန်ထွန်း၊ ဗန်ကိုဟော၊ ဦးထွန်းလင်း

event_note ခေတ်ကာလများပြပုံ

၁ အောက်တိုဘာ ၁၉၄၇

နု-အက်တလီစာချုပ်

Read in English

အောက်တိုဘာ ၁ ရက်နေ့သည် ဗြိတိန်နိုင်ငံ အစိုးရနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ယာယီအစိုးရတို့ အကြား မြန်မာပြည် လွတ်လပ်ရေး အတွက် စာချုပ် (နု-အက်တလီ စာချုပ်) ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ခြင်း နှစ်ပတ်လည် ဖြစ်ပါသည်။ 

ဦးနု (ထိုစဥ် ယာယီ အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်)၊ ဦးတင်ထွဋ် (ဘဏ္ဍာရေး ဝန်ကြီး)နှင့် အခြားသူများ ခေါင်းဆောင်ကာ လအတော်ကြာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ရရှိလာသော သဘောတူစာချုပ် ဖြစ်သည်။ ဦးနုနှင့် ဗြိတိန်ဝန်ကြီးချုပ် ကလီမန့် အက်တလီ (Clement Attlee) တို့က လက်မှတ်ရေးထိုးခဲ့ပြီး သက်သေများ အဖြစ် ဗိုလ်လက်ျာ (ကာကွယ်ရေးဝန်ကြီး)၊ ဦးတင်ထွဋ်၊ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး အာနက်စ်ဘီဗင် (Ernest Bevin)၊ ဗြိတိသျှ စီးပွားရေး အတွင်းဝန် စတက်ဖို့ဒ်ကရစ်ပ်စ် (Stafford Cripps) နှင့် နှစ်ဖက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆောင်ရွက်ခဲ့ကြသည်။ 

ဦးအောင်ဆန်း၊ သခင်မြနှင့် အခြားသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည်မှာ သိပ်မကြာလှသေးသော်လည်း နိုင်ငံအတွက် အလားအလာ ကောင်းသော ကာလ ဖြစ်ခဲ့သည်။ ကံမကောင်းသည်မှာက ပြည်တွင်းစစ်မှာ လက်တစ်ကမ်းအလို ရောက်နေခဲ့လေပြီ ဖြစ်သည်။

မှတ်တမ်းရုပ်ရှင်ထဲတွင် ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရမည့် သဘောတူညီချက်များကို အဆုံးသတ်စေခဲ့သည့် သမိုင်းဝင် နု-အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုးနေကြသည်ကို တွေ့မြင်နိုင်သည်။ ဝန်ကြီးချုပ် အက်တလီရော၊ ဝန်ကြီးချုပ် ဦးနုကပါ မိန့်ခွန်း ပြောကြားခဲ့သည်။ မှတ်တမ်းရုပ်ရှင်ကို အွန်လိုင်းတွင် ကြည့်ရှုနိုင်ရန် British Pathé မှ တင်ပေးခဲ့သည်။ ထိုမော်ကွန်းတိုက်တွင် မြန်မာပြည်၏ သမိုင်းဝင် မှတ်တမ်း သတင်းရုပ်ရှင်များစွာကို စုစည်းထားပါသည်။ အောက်တွင် ထိုနေ့တွင် မနက်စာ စားနေသော ဦးနုပုံကို ပြသထားသည့် သတင်းစာကို တွေ့မြင်နိုင်သည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်