အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၂၉ ခုနှစ် အမျိုးသားနေ့ ပန်းတနော်မြို့
event_note ခေတ်ကာလများပြပုံ

၁၆ နိုဝင်ဘာ ၁၉၂၀ - ၁၉၂၉

၁၉၂၉ ခုနှစ် အမျိုးသားနေ့ ပန်းတနော်မြို့

Read in English

၁၉၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၆ ရက်နေ့သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသားနေ့ ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်က ဗြိတိသျှတို့ ပြဌာန်းလိုက်သော ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် သမိုင်းဝင် ကျောင်းသားသပိတ် စတင်ခြင်း အထိမ်းအမှတ် အဖြစ် ထိုနေ့ကို အမျိုးသားနေ့ဟု မှတ်တမ်းပြုခဲ့သည်။ ရန်ကုန်မြို့တွင် ကမ်းဘရစ်ချ်/အောက်စဖို့ဒ် (Cambridge/Oxford) တက္ကသိုလ်များကဲ့သို့ အထူး သီးသန့် တက္ကသိုလ်တစ်ခု တည်ထောင်ရန် ရည်ရွယ်ကာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ရေးဆွဲခဲ့သည်။ ကိုလိုနီခေတ် ပညာရေးမူဝါဒများကို ဆန့်ကျင်ကြောင်း ပြသလိုသည့် ကျောင်းသားများက ယင်းအက်ဥပဒေကိုလည်း ကန့်ကွက်ကြောင်း ဆန္ဒပြကြသည်။။ နောက်ပိုင်းတွင် ကျောင်းသားသပိတ်များကြောင့် အမျိုးသားကောလိပ်များ (ကြာရှည်မခံခဲ့)နှင့် အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်က အစပျိုးနေသည့် မြန်မာ့မျိုးချစ်စိတ်ဓာတ် လှိုင်းလုံးကြီးမှာ အိုင်ယာလန်နိုင်ငံ (Ireland) နှင့် အထူးသဖြင့် အိန္ဒိယပြည်ရှိ တိုးတက်မှုများကြောင့် အရှိန်မြင့်သထက် မြင့်လာနေချိန် ဖြစ်သည်။ ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီးကို တည်ထောင်ပြီးကာစလည်း ဖြစ်ပြီး ၁၉၂၁ ခုနှစ်တွင် အသင်းချုပ်ကြီးမှ ကျောင်းသားသပိတ် တစ်နှစ်ပြည့်သည့် နှစ်ပတ်လည်ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့သည်။

ဖော်ပြပါပုံကို ၁၉၂၉ ခုနှစ် အမျိုးသားနေ့က ပန်းတနော် အမျိုးသားကျောင်း၌ ရိုက်ကူးထားခြင်းဖြစ်သည်။ ယာဘက်အစွန်းတွင် ရပ်နေသူမှာ အသက် ၂၃ နှစ်အရွယ် ဦးနု ဖြစ်ပြီး ယာဘက်မှ တတိယမြောက်မှာ အသက် ၂၀ အရွယ် ဦးသန့် ဖြစ်သည်။ ထိုစဉ်က ယင်းတို့နှစ်ဦးစလုံး ကျောင်းဆရာ ဖြစ်ကြပြီး သူငယ်ချင်းအရင်းများ ဖြစ်ကြသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်