အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၀၀ ပြည့်နှစ်လွန်များက ဗြိတိသျှဆရာဝန်မှ မန္တလေး မြို့သူမြို့သားများအား ပလိပ်ရောဂါ ကာကွယ်ဆေးထိုးပေးနေစဉ်
event_note ခေတ်ကာလများပြပုံ

၁၉၀၀

၁၉၀၀ ပြည့်နှစ်လွန်များက ဗြိတိသျှဆရာဝန်မှ မန္တလေး မြို့သူမြို့သားများအား ပလိပ်ရောဂါ ကာကွယ်ဆေးထိုးပေးနေစဉ်

Read in English

၁၉၀၀ ပြည့်နှစ်လွန် အစောပိုင်းကာလတွင် ကမ္ဘာအနှံ့အပြား၌ အကျိတ် ထွက်သော ပလိပ်ရောဂါ ကူးစက်ပြန့်ပွားရာ လူပေါင်း ၁၅ သန်းကျော် သေဆုံးခဲ့သည်။ ယူနန်ဒေသ၌ စတင်ဖြစ်ပွားသည့် ထိုပလိပ်ရောဂါကြောင့် ၁၉၀၅ - ၁၉၀၆ ခုနှစ်များက ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ လူပေါင်းထောင်ချီကာ သေကြေပျက်စီးစေခဲ့သည်။  ဖော်ပြပါ ဓာတ်ပုံတွင် မန္တလေးမြို့၌ ဗြိတိသျှ ဆရာဝန်တစ်ဦးမှ မြို့သူမြို့သားများအား "ကာကွယ်ဆေး" ထိုးပေးနေသည်ကို တွေ့ရသည်။ လက်တွေ့တွင် ထိုကာကွယ်ဆေးသည် ထိရောက်မှု မရှိပေ။ (ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်စေခဲ့သည်)။ အထက်မြန်မာပြည်မှ နိုင်ငံသားသစ်များအား ဂရုစိုက်ကြောင်းကို ပြသလိုသည့် ကိုလိုနီအာဏာပိုင်များကို မျက်နှာပန်းလှစေရန် ရည်ရွယ်ကာ ရိုက်ကူးထားသောဓာတ်ပုံ ဖြစ်နိုင်ပါသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်