အမေ့ခံအတိတ်
အမေ့ခံအတိတ်

Wetmasut Wundauk

ဦးမောင်ကြီး

ဤပုံထဲမှ ပုဂ္ဂိုလ်မှာ ကျွန်ုပ်ဖခင်ဘက်က အဘီတော်စပ်သူ ဦးမောင်ကြီး ဖြစ်ပါသည်။ ၁၈၈၅ ခုနှစ် ဝန်းကျင်က ရိုက်ကူးခဲ့သော ဓာတ်ပုံပေါ်တွင် ထပ်ကာဆွဲထားသည်ဟု ယူဆရပါသည်။ ဦးမောင်ကြီးသည် ၁၈၈၀ ပြည့်နှစ် အစောပိုင်းကာလများက သီပေါမင်း၏ ရွှေတိုက်စိုး ဖြစ်ခဲ့ပြီး ဝက်မစွပ်ဝန်ထောက်နှင့် ကျောက်မြောင်းအတွင်းဝန်တို့ထံ တပည့်ခံခဲ့ဖူးသူ ဖြစ်သည်။ ဦးမောင်ကြီး၏ တူတော်စပ်သော ကျွနု်ပ်၏ ဦးကြီးဖြစ်သူ မန္တလေးမြို့မှ ဦးဘဦးသည်...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည် ဗြိတိသျှလက်အောက် ကျရောက်သွားပြီးနောက်

၁၈၈၃-၁၈၈၅ ခုနှစ်အတွင်း ကင်းဝန်မင်းကြီး ဦးဆောင်သည့် ယောအတွင်းဝန်၊ ဝက်မစွပ်ဝန်ထောက်စသည့် ဘုရင့်အနီးမှ ပြုပြင်ပြောင်းလဲရေး လိုလားသော အမတ်များသည် ဘုရင့်အာဏာတည်တံ့ရန်အတွက် လိုအပ်သည်ဟု ယင်းတို့ယုံကြည်ထားသော ပြောင်းလဲမှုလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည် မဖော်နိုင်ခဲ့ကြချေ။ ပြည်တွင်း၊ ပြည်ပပြဿနာများကလည်း လျင်မြန်စွာဖြင့် တိုးပွားလာလျက်ရှိနေသည်။ ထိုမျှသာမက စီးပွားရေးအခြေအနေမှာ ဆုတ်ယုတ်လာသည်။ ကချင်တောင်တန်းဒေသနှင့်လည်း စစ်ဖြစ်နေသည်။ မိုးခေါင်သည်မှာ နှစ်နှစ်ဆက်တိုက်။ မျှော်လင့်မထားဘဲ ပြောင်းရွှေ့အခြေစိုက်...

အပြည့်အစုံ ဖတ်ရန်