အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ပျဉ်းမနားမြို့

event_note ခေတ်ကာလများပြပုံ

၂၀ ဧပြီ ၁၉၄၅

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ပျဉ်းမနားမြို့

people General Masaki Honda

Read in English

၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က အမှတ် ၅ အိန္ဒိယ တပ်မတော် ဦးဆောင်သော မဟာမိတ်တပ်များသည် ပျဉ်းမနားမြို့ (ယခု နေပြည်တော်)ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုနေရာတွင် အမှတ် ၃၃ ဂျပန် (Japanese) တပ် အခြေစိုက်နေခဲ့ပြီး ထိုတပ်၏တပ်မှူး ဗိုလ်ချုပ်ကြီး မာဆာကီ ဟွန်ဒါ (Masaki Honda) မှာ မှောင်ကြီးမဲကြီးထဲ ခြေလျင်ထွက်ပြေးခဲ့ရသည်။ ဂျပန်တပ်သားများ ရာနဲ့ချီ အသတ်ခံခဲ့ရသည်။ 

အမှတ် ၅ အိန္ဒိယ တပ်မတော်တွင် စကော့လူမျိုးများ (Scot)၊ ပထန်လူမျိုး (Pathan)၊ ဆစ်ခ်လူမျိုး (Sikh)၊ အင်္ဂလိပ်လူမျိုး (English)၊ ဂေါ်ရခါးလူမျိုး (Gurkha)၊ ပန်ချာပီလူမျိုး (Punjabi) နှင့် အခြားလူမျိုး တပ်သားများ ပါဝင်သည်။ အရှေ့အာဖရိကဒေသ (East Africa) ၌ အီတာလျံတပ် (Italians) နှင့်လည်းကောင်း၊ မြောက်အာဖရိကဒေသ (North Africa) ၌ ဂျာမန်တပ် (German) နှင့်လည်းကောင်း တိုက်ခိုက်ခဲ့ကြသူများ ဖြစ်သည်။ အင်ဖာမြို့ (Imphal) ၊ ကိုဟီမာမြို့ (Kohima)၊ မိတ္ထီလာမြို့၊ မန္တလေးမြို့ စသည့် နေရာများတွင်လည်း ဂျပန်တပ်များနှင့် တိုက်ခိုက်ခဲ့ကြသည်။ ယင်းတပ်မသည် ဝင်ရိုးတန်းနိုင်ငံ အင်အားစု သုံးခုစလုံးနှင့် တိုက်ခိုက်ဖူးသော ရှားပါး မဟာမိတ်တပ်တစ်ခု ဖြစ်သည်။ 

ထိုနေ့တွင်ပင် အမှတ် ၁၄ ဗြိတိသျှတပ်မတော်၏ တပ်စိတ် XXXIII သည် ဂျပန်များကို ချောက်မြို့ရေနံတွင်းများမှ လိုက်လံတိုက်ထုတ်နေခဲ့ကြသည်။ နောက်သုံးပတ်ခန့် အကြာတွင် ရန်ကုန်မြို့လည်း ကျလေသည်။ 

ဖော်ပြပါဓာတ်ပုံမှာ မန္တလေးမြို့ထံ ချီတက်စဥ်က ဘဟဲရွာတွင် ကင်းလှည့်နေသော ဗြိတိသျှစစ်သား နှစ်ဦး ဖြစ်သည်။ ၁၉၄၅ ခုနှစ် မေလတွင် အမေရိကန်လေတပ်က လေကြောင်းမှ ရိုက်ကူးခဲ့သော ဤဓါတ်ပုံတွင် အရှေ့တိုင်းဆိုင်ရာ လေတပ်၏ အမေရိကန် ဘီ-၂၅ ဗုံးကြဲလေယာဥ်များက မြို့ကို မီးလောင်ဗုံးများ ကြဲချပြီးနောက် ပျဥ်းမနားမြို့၏ မြင်ကွင်းကို တွေ့မြင်နိုင်သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်