event_note ခေတ်ကာလများပြပုံ
၁၈၃၆ - ၁၈၄၉
သာယာဝတီမင်းလက်ထက် ရန်ကုန်မြို့
၁၈၃၆ ခုနှစ်မှ ၁၈၄၉ ခုနှစ်များထိ စိုးစံခဲ့သော သာယာဝတီမင်း လက်ထက် ရန်ကုန်မြို့ပုံ ဖြစ်သည်။ ဆူးလေဘုရားကို ပုံ၏ယာဘက် အောက်ထောင့်တွင် မြင်နိုင်ပါသည်။ ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်းမှာ ယနေ့တွင် (ဘားလမ်းနှင့် ကုန်သည်လမ်းထောင့်) HSBC အဆောက်အဦ နေရာတွင် တည်ရှိခဲ့သည်။ အခွန်ရုံးနှင့် အာမေနီးယန်း ဘုရားကျောင်းမှာ ယနေ့ ကမ်းနားလမ်းရှိ အကောက်ခွန်ရုံး တည်ရှိရာတွင် ဖြစ်သည်။ မြို့သစ်ဆိုသည်မှာ ကန်တိုမင် ဧရိယာ (ယခု အလုံမြို့နယ်) ဖြစ်သည်။