အမေ့ခံအတိတ်
အမေ့ခံအတိတ်
သင်းအုပ်ဆရာ သီအိုဒေါသံဗျ (၁၈၄၂-၁၉၂၀ ခုနှစ်)
event_note ခေတ်ကာလများပြပုံ

၁၈၄၂ - ၁၉၂၀

သင်းအုပ်ဆရာ သီအိုဒေါသံဗျ (၁၈၄၂-၁၉၂၀ ခုနှစ်)

room United States

Read in English

ဤသည်မှာ အာရှတိုက်မှ အမေရိကန် ပြည်ထောင်စုသို့ ပထမဦးဆုံး သွားရောက် ပညာသင်ခဲ့သော ကျောင်းသားများထဲမှ တစ်ဦး ဖြစ်သော သင်းအုပ်ဆရာ သီအိုဒေါသံဗျ (၁၈၄၂-၁၉၂၀ ခုနှစ်) ဖြစ်သည်။ သီအိုဒေါသည် ၁၈၆၈ ခုနှစ်မှ ၁၈၇၁ ခုနှစ် အထိ ရိုချက်စတာတက္ကသိုလ် (Rochester University) တွင် တက်ရောက်ခဲ့ပြီး ဂရိနှင့် လက်တင်ဘာသာကို အထူးကျွမ်းကျင်ခဲ့သည်။ သူ့အတန်း၏ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် "အာရှတိုက်တွင် စီးပွားရေးလုပ်ငန်းများ ကြီးစိုးမှု ပြိုင်ပွဲ (The Contest for Commercial Supremacy in Asia)" ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့သေးသည်။ သီအိုဒိုသည် ကရင် အသိုင်းအဝိုင်း၏ ခေါင်းဆောင်နှင့် နှစ်ခြင်းဘုရားကျောင်း၏ ဘုန်းတော်ကြီး အဖြစ် ဆောင်ရွက်ရင်း ရန်ကုန်မြို့ ကြည့်မြင်တိုင်တွင် အသက်ရှည်ကျန်းမာစွာ နေထိုင်သွားခဲ့သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်