အမေ့ခံအတိတ်
အမေ့ခံအတိတ်
အင်္ဂလိပ်ကြီး ရစ်ချက်ကိုဂန်: မြန်မာနိုင်ငံကို ကယ်တင်ခဲ့သူလား?
event_note ခေတ်ကာလများပြပုံ

မတ် ၁၆၅၉

အင်္ဂလိပ်ကြီး ရစ်ချက်ကိုဂန်: မြန်မာနိုင်ငံကို ကယ်တင်ခဲ့သူလား?

room China

Read in English

၁၆၅၀ ပြည့်နှစ်များတွင် မန်ချူးတို့သည် တရုတ်ပြည် တစ်ခုလုံးကို သိမ်းပိုက်ပြီးလုပြီ ဖြစ်သည်။ ထိုမှ ဆက်၍ ယူနန်ပြည်ကို သိမ်းပိုက်သည့် အခါ (ယခင်မင်းဆက်ဟောင်းမှ) မင် စစ်သားများ၊ ယင်းတို့၏ ဇနီးမယား၊ သားသမီးများ အပြင် ခြေသလုံးအိမ်တိုင်များ လူပေါင်းထောင်ချီကာ တောင်တန်းများကို ကျော်ဖြတ်လျှက် မြန်မာပြည်ထဲသို့ ကျူးကျော်ဝင်ရောက်လာကြသည်။ ရှမ်းနယ်များကို တိုက်ခိုက်ကာ အင်းဝနေပြည်တော်နှင့် နီးသထက်နီးလာနေသည်။ ၁၆၅၉ ခုနှစ် မတ်လ ရောက်လာသောအခါ အင်အား ၄၀၀၀ မျှ ပါဝင်သော တရုတ်တပ်သည် တံတားဦးမြို့သို့ ရောက်ရှိလာပြီး အင်းဝနေပြည်တော်ကို  ဝိုင်းရံထားလေသည်။ ပင်းတလဲမင်းက ပေါ်တူဂီနှင့် ဒက်ကန်မူဆလင် စစ်သည်များကို နန်းမြို့ရိုးခံတပ်မှ တိုက်ရန် တာဝန်ပေးအပ်သည်။ တရုတ်တို့က အနိုင်ရမည့်သဘော ရှိနေသည်။ တိုက်ပွဲ အထွတ်အထိတ်သို့ ရောက်နေစဥ် ရစ်ချက်ကိုဂန် (Richard Cogan) အမည်ရှိ အင်္ဂလိပ်လူမျိုး စစ်သည်တစ်ဦးသည် ဒတ်ချ်လုပ် VOC အမြှောက်ကို ပစ်ချလိုက်ရာ ကံကောင်းထောက်မစွာဖြင့် တစ်ချက်တည်းနှင့် တရုတ်စစ်သူကြီး နှစ်ဦး တစ်ပြိုင်နက် ကျသည်။ တရုတ်တို့မှာ ခေါင်းဆောင်မည့်သူလည်း မရှိ၊ လန့်ဖျပ် တုန်လှုပ်ကာ ဆုတ်ခွာထွက်ပြေးသွားတော့သည်။ ဤသို့ဖြင့် အင်းဝနေပြည်တော်ကို ကယ်တင်နိုင်ခဲ့သည်။ 

မစ္စတာကိုဂန်သည် အိန္ဒိယနိုင်ငံတွင် မွေးဖွားသော အင်္ဂလိပ်ကုန်သည် တစ်ဦး ဖြစ်ပြီး မြန်မာဘုရင်တပ်တွင် အမှုမထမ်းခင် သန်လျင်မြို့တွင် နေထိုင်ခဲ့သည်။ မြန်မာစကားလုံး သေနတ် သည် ဒတ်ချ်စကားလုံး ရှနပ်ဟန် - snaphaan (သေနတ်၏စက်ယန္တရား) မှ ဆင်းသက်လာသည်။ ၁၇ ရာစုတွင် သေနတ် ကို စနပ် ဟု အသံထွက်ခဲ့ကြသည်။ ပုံများမှာ ၁၇ ရာစု ဥရောပသား စစ်သည်တစ်ဦး (မစ္စတာကိုဂန် မဟုတ်ပါ) နှင့် မင်စစ်တပ် တို့ ဖြစ်ပါသည်။

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်