အမေ့ခံအတိတ်
အမေ့ခံအတိတ်

အလယ်ခေတ်နှင့် ခေတ်သစ်ဦးကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄)

Historic Events

မြန်မာပြည်ရှိ အာမေးနီးယန်းလူမျိုးများ

လူသိနည်းလှသော်လည်း စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်သည့် မြန်မာနိုင်ငံရှိ လူနည်းစုအုပ်စုထဲတွင် အာမေးနီးယန်းလူမျိုးများ အပါအဝင်ဖြစ်သည်။ အဆိုပါလူမျိုးများသည် ၁၆၁၀ ပြည့်နှစ်ခန့်ကတည်းကပင် ပါရှားပြည်မှ မြန်မာပြည်သို့ ပြောင်းရွှေ့ အခြေစိုက်နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ ပထမဦးဆုံးသော အာမေးနီယန်းလူမျိုးများ၏ အုတ်ဂူများတွင် ၁၇၂၅ ခုနှစ်ဟု ရက်စွဲတပ်ထားသည်ကို တွေ့ရသည်။ အဝနေပြည်တော်တွင် အာမေးနီးယန်း-မြန်မာလူမျိုး ရာနှင့်ချီကာ တာဝန်ထမ်းဆောင်ခဲ့ပြီး အမရပူရမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့်...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်၏ ဂျူးလူမျိုးများ

မြန်မာနိုင်ငံရှိ လူသိအနည်းဆုံးသော လူနည်းစု အသိုင်းအဝိုင်းများ အနက် တစ်စုမှာ မြန်မာဂျူးလူမျိုးများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာကပင် မြန်မာနိုင်ငံတွင် ဂျူးလူမျိုးများ နေထိုင်ခဲ့ကြမည်ဟု ယူဆရသည်။ မြန်မာ့သမိုင်းတွင် ပထမဆုံး ပါဝင်သော ဂျူးလူမျိုးမှာ အလောင်းဘုရား၏ စစ်တပ်တွင် အရာရှိ အဖြစ် (၁၇၅၅ ခုနှစ်ဝန်းကျင်က) အမှုထမ်းခဲ့သူမှာ ဆော်လမွန်ဂါဘရီယိုလ် (Solomon Gabriol) ပင် ဖြစ်သည်။...

အပြည့်အစုံ ဖတ်ရန်

၁၅၈၀ ပြည့်နှစ်တွင် ဘုရင့်နောင်သည် ရခိုင်ပြည်ကို ကျူးကျော်တိုက်ခိုက်ခြင်း

၁၅၈၀ ပြည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဘုရင့်နောင်သည် ရခိုင်ပြည်ကို အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်ခဲ့သည်။ ထီးနန်းအထွတ်အထိပ်ရောက်နေချိန်ဖြစ်၍ တောင်ငူဘုရင်သည် အနောက်အရပ်ရှိ မဏိပူရပြည်မှအစပြု၍ ရှမ်းပြည်နယ်များကို ဖြတ်ကျော်ကာ လင်ဇင်းပြည်အထိ အာဏာဖြန့်ကျက်နိုင်ခဲ့သည်။ ရခိုင်ပြည်တစ်ခုသာ ကျန်ရှိနေခဲ့သည်။ မုတ္တမမင်းသား သီရိသုဓ္ဓမရာဇာ ခေါင်းဆောင်ကာ ခြေလျင်တပ်သား အယောက် ၂၄၀၀၀၊ မြင်းကောင်ရေ ၁၂၀၀၊ ဆင်ကောင်ရေ ၁၂၀ နှင့်...

အပြည့်အစုံ ဖတ်ရန်

ဗိုလ်မင်းရာဇာများ

အကြောင်းအားလျော်စွာ ဘုရင့်နောင်မင်းတရားမှ တိုက်ရိုက်ဆင်းသက်သော မျိုးဆက်တစ်ခုသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် ရုံးစိုက်ခွင့် အမွေကို ရရှိထားသည်။ ရခိုင်ဘုရင်က ၁၅၉၉ ခုနှစ်တွင် (ပဲခူးမြို့ကို တိုက်ခိုက်အောင်နိုင်ပြီးနောက်) နန္ဒဘုရင်၏ သားတော် (နန္ဒဘုရင်သည် ဘုရင့်နောင်၏ သားဖြစ်သည်။) တစ်ဦးကို စစ်တကောင်းနယ် တစ်ဝိုက်ကို အုပ်ချုပ်စေခဲ့သည်။ ထိုသူ၏ အမည်မှာ မောင်စောဖြူ ဖြစ်ပြီး ၁၆၃၁ ခုနှစ်ထိ...

အပြည့်အစုံ ဖတ်ရန်

အလောင်းဘုရား ပဲခူးမြို့ကို သိမ်းပိုက်နိုင်ကာ ဟံသာဝတီပြည် ပျက်သုဉ်းသွားခြင်း

၁၇၅၇ ခုနှစ် မေလ ၅ ရက်နေ့တွင် အလောင်းမင်းတရား၏တပ်များ လက်အောက်သို့ ပဲခူးမြို့ ကျရောက်သွားခဲ့သည်။ ဤသို့ဖြင့် ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်းနှင့် အောက်ပိုင်းဒေသတို့အကြား စစ်ပွဲအဆုံးသတ်ခဲ့သည်။ ဟံသာဝတီတိုင်း ပျက်သုဉ်းသွားခဲ့ပြီးနောက် ကုန်းဘောင်မင်းဆက်သည် မြန်မာပြည်ကို အုပ်စိုးသူရှင်ဘုရင်များ ဖြစ်လာခဲ့သည်။ ဤစစ်ပွဲသည် ကီဘက်နယ် (Quebec) မှ ပိုမက်ရာနီယာနယ် (Pomerania)၊ ဘင်္ဂလားပြည် (Bengal) တို့အထိ တိုက်ပွဲများစွာဖြစ်ခဲ့သော...

အပြည့်အစုံ ဖတ်ရန်

ဖိလစ်ဒီဘရစ်တို၏ ဘဝနိဂုံး

၁၆၁၃ ခုနှစ် ဧပြီလတွင် စစ်ဘုရင် ဖိလစ်ဒီဘရစ်တိုအဲနီကုတ် (Fillipe de Brito e Nicote, ငဇင်ကာဟု မြန်မာပြည်တွင် သိကြသည်။) သည် သန်လျင်၌ တံကျင်ထိုးကာ ကွပ်မျက်ခြင်းခံရသည်။ သူသည် စိတ်ဝင်စားဖွယ် အကောင်းဆုံးသော ပေါ်တူဂီလူမျိုး စွန့်စားသူ ဖြစ်သည်။ ငယ်စဉ်က လစ်စ်ဘွန်မြို့ (Lisbon) ၌ ချို့ချို့တဲ့တဲ့ ကြီးပြင်းခဲ့ရသည်။ ရခိုင်ဘုရင်ထံတွင်...

အပြည့်အစုံ ဖတ်ရန်

မြန်မာနိုင်ငံမှ ဘရင်ဂျီလူမျိုးများ

မြန်မာနိုင်ငံတွင် အသေးငယ်ဆုံးသော အသိုင်းအဝိုင်းများထဲမှ တစ်ခု ဖြစ်သော်လည်း စိတ်ဝင်စားစရာ အတော်ကောင်းသည့် ခရစ်ယာန် ဘာသာဝင်တစ်စုမှာ (ရွှေဘိုမြို့အနီးရှိ) မူးမြစ်ဝှမ်းမှ ဘရင်ဂျီလူမျိုးများ ဖြစ်သည်။ ဘရင်ဂျီဟူသော စကားလုံးသည် အာရပ်ဘာသာစကားဖြင့် အနောက်တိုင်းဥရောပသားဟု အဓိပ္ပာယ်ရသော “ဖာရင်ဂီ - Feringi” (သို့မဟုတ်) “ဖရန့် - Frank” မှလာသည့် အသုံးအနှုန်းကွဲ တစ်မျိုး ဖြစ်သည်။ ထိုင်းစကားဖြင့်...

အပြည့်အစုံ ဖတ်ရန်

စစ်ဘုရင် ဘုရင့်နောင်

ဘုရင့်နောင်ကို ၁၅၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် မွေးဖွားခဲ့သူဖြစ်သည်။ ဧရာဝတီ မြစ်ဝှမ်းဒေသ၊ တိုင်စကားပြောသူများရှိရာအပေါ်ဖက်ဒေသများနှင့် ချောင်ဖရာမြစ်ကို ဖြတ်ကာ အရှေ့ဘက် ထိ အောင်ပေါင်းစည်းလျက် လူမျိုးပေါင်းစုံ ပါဝင်သည့် ဘုရင့်နောင် ပိုင်နက်သည် အရှေ့တောင်အာရှဒေသ ဒေသတခွင်လုံးကို လွှမ်းခြုံထားခဲ့သည်။မြေပုံတွင် ၁၅၆၅ ခုနှစ် ဆိုင်ယမ်ပြည် (Siam)၊ လာနာပြည် (Lanna) နှင့် လင်ဇင်းပြည်...

အပြည့်အစုံ ဖတ်ရန်

ကောင်းတုံစာချုပ်

၁၇၆၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကောင်းတုံစာချုပ် ချုပ်ဆိုကာ (၁၇၆၅ ခုနှစ်မှ ဒီဇင်ဘာ ၂၂ ရက်မှ ၁၇၆၉ ခုနှစ် အထိ ဖြစ်ပွားခဲ့သည့်) တရုတ်-မြန်မာ စစ်ပွဲ  ပြီးဆုံးသွားခဲ့သည်။ မြန်မာ့စစ်သည်များသည် ချင်မင်းဆက် (မန်ချူး) တို့၏ ကျူးကျော်မှုကို လေးကြိမ်တိုင် အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြသည်။ စတုတ္ထအကြိမ်တွင် တရုတ်ဘုရင် ချင်းလုံက လူအင်အား...

အပြည့်အစုံ ဖတ်ရန်

ကိုးကန့်ဒေသ မူလအစ

ကိုးကန့်ဒေသ(လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) ၏ သမိုင်းကြောင်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ၁၆၀၀ ပြည့်နှစ် အလယ်ပိုင်းကာလ၌ တရုတ် ‘မင်’ မင်းဆက်သည် ကျူးကျော်ဝင်ရောက်လာသော မန်ချူးတို့၏ လက်အောက်သို့ တစ်ခဏအတွင်း ကျရာက်သွားသည်။ နောက်ဆုံး မင် ဧကရာဇ်ဘုရင် (ကွေ့မင်းသားဟု လူသိများသော ရုန်လဲ့ဧကရာဇ်)သည် ယူနန်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ပြီး နောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်ကာ အင်းဝဘက်သို့ ကူးလာခဲ့သည်။...

အပြည့်အစုံ ဖတ်ရန်