အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၀၃ ခုနှစ် ဒေလီဒါဘာပွဲလာသည့် ရှမ်းစော်ဘွားများ
မိုးနဲစော်ဘွားနှင့် သိန္နီစော်ဘွား
မိုးနဲစော်ဘွားနှင့် သိန္နီစော်ဘွား

event_note ခေတ်ကာလများပြပုံ

၁၉၀၃

၁၉၀၃ ခုနှစ် ဒေလီဒါဘာပွဲလာသည့် ရှမ်းစော်ဘွားများ

people Sao Shwe Thaik Saopha of Mongpawn Saopha ofYawnghwe Sao Sam Htun King Edward Queen Alexandra Saopha of Mongnai Saopha of Hsenwi

Read in English

၁၉၀၃ ခုနှစ်က ဒေလီမြို့ (Delhi) တွင် ကျင်းပသော ဒါဘာပွဲ (Durbar) သည် အက်ဒဝပ်ဘုရင် (King Edward) နှင့် အဲလက်ဇန္ဒြားဘုရင်မ (Queen Alexandra) တို့ အိန္ဒိယပြည်၏ ဧကရာဇ်နှင့် ဧကရီ အဖြစ် နန်းတက်သည့် အခမ်းအနား ဖြစ်သည်။ အဆိုပါ ဒါဘာပွဲကို အိန္ဒိယ ဘုရင်ခံလော့ကာဇုန် (Lord Curzon) ကိုယ်တိုင် ကြီးမှူးကျင်းပ၍ နှင့် အိန္ဒိယမင်းညီမင်းသား ရာချီတို့ ဝတ်စားကောင်းလှ ဝတ်ဆင်ကာ တက်ရောက်ခဲ့ကြသည်။ 

မိုင်းပွန်စော်ဘွားနှင့် ညောင်ရွှေစော်ဘွားတို့ကို အပေါ်ပုံ၏ ဝဲဘက်တွင် တွေ့မြင်နိုင်သည်။ (သီပေါမင်းကို ဆန့်ကျင်ပုန်ကန်သည့်) လင်းပင်မဟာမိတ်အဖွဲ့ကို အဓိက ကြိုးကိုင်သူမှာ မိုင်းပွန်စော်ဘွားကြီး စဝ်ခွန်ထီး ဖြစ်သည်။ သူသည် စဝ်စံထွန်း၏ ဖခင် ဖြစ်သည်။ (စဝ်စံထွန်းမှာ တောင်တန်းဒေသများအတွက် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် လုပ်ကြံခံခဲ့ရသည်။) ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်မှာ ရှမ်းစော်ဘွား အဖြစ် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သူ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီး စဝ်ရွှေသိုက်၏ ဦးလေး တော်စပ်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်