အမေ့ခံအတိတ်
အမေ့ခံအတိတ်
လန်ဒန်မြို့ရောက် ရှမ်းမင်းသမီး
event_note ခေတ်ကာလများပြပုံ

၁၉၃၂

လန်ဒန်မြို့ရောက် ရှမ်းမင်းသမီး

room United Kingdom

Read in English

၁၉၃၂ ခုနှစ်က မြန်မာပြည်ဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်မည့် အစ်ကိုဝမ်းကွဲနှင့် ခဲအိုတော်စပ်သူ သီပေါစော်ဘွားတို့နှင့် အတူ ရှမ်းမင်းသမီး စဝ်အုန်းညွန့်လည်း လန်ဒန်မြို့ (London) သို့ လိုက်ပါလာခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်မျှ နေသွားခဲ့သည်။ ဧည့်ခံပွဲတစ်ခုတွင် ဗြိတိသျှလူမျိုး ပုံတူဆွဲ ပန်းချီဆရာ ဂျဲရတ်ကဲလီ (Gerard Kelly) (၁၈၇၉-၁၉၇၂) နှင့် တွေ့ဆုံမိပြီး ပန်းချီဆရာ၏ ပန်ကြားချက်ကြောင့် ပုံတူပန်းချီ အဆွဲခံခဲ့သည်။ စဝ်အုန်းညွန့်သည် သီပေါစော်ဘွား၏ မြေးတော် ဖြစ်ပြီး နောက်တွင် ကျိုင်းတုံစော်ဘွား၏ သားတော်နှင့် လက်ဆက်ခဲ့သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်