အမေ့ခံအတိတ်
အမေ့ခံအတိတ်
"ဆင်ခိုးမလေး"
event_note ခေတ်ကာလများပြပုံ

1880s

"ဆင်ခိုးမလေး"

people Queen Supayalat Yanaung Prince Maung Maung Toke

Read in English

ဤဓါတ်ပုံသည် ၁၈၈၀ ပြည့်နှစ်များက မိဖုရား စုဖုရားလတ် အလွန် ချစ်ခင်နှစ်သက်သည့် နန်းတွင်းကချေသည် မရွှေမျှင်၏ပုံ ဖြစ်သည်။ သူ့အား ဆင်ခိုးမလေး ဟူသည့် နာမည်ဖြင့် လူသိများသည်။ မရွှေမျှင်ကို အလွန် မေတ္တာသက်ဝင်နေသော ရနောင်မင်းသား(မောင်တုတ်)က ဆင်ပေါ်တင်၍ ခိုးပြေးသည်ဟု သတင်းထွက်ရာမှ ထိုနာမည်ရရှိခြင်း ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်