အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၈၂၄ ခုနှစ်ဝန်းကျင်က ဆူးလေဘုရား
event_note ခေတ်ကာလများပြပုံ

၁၈၂၄ - 1850s

၁၈၂၄ ခုနှစ်ဝန်းကျင်က ဆူးလေဘုရား

Read in English

ဗြိတိသျှလက်ထက် မတိုင်မီက ဆူးလေဘုရားသည် ရေပတ်လည် ဝိုင်းနေသော ကျွန်းငယ်တစ်ခုပေါ်တွင် ရှိနေခဲ့ပါသည်။ ဆူးလေဘုရားမှ ရန်ကုန်မြို့ဟောင်းသို့ သစ်သားတံတားတစ်ခုကို ဖြတ်ကာ ကူးလူးသွားခဲ့ရသည်။ ၁၈၂၀ ပြည့်နှစ်များက မြို့ဟောင်းမှာ ယနေ့ဆူးလေဘုရားလမ်းမှ သိမ်ဖြူအထိ၊ အောက်ဘက် ကမ်းနားလမ်း အထိသာ ရှိခဲ့သည်။ မြို့တွင် မြို့ဝန်အိမ်တော်၊ အကောက်ခွန်ရုံး၊ ရိုမန်ကက်သလစ်နှင့် အာမေးနီးယန်း ဘုရားရှိခိုးကျောင်းများ၊ ဗလီအချို့၊ ဘုရင့်အမှုထမ်းများနှင့် ပြည်ပကုန်သည်များ၏ နေအိမ်များသာ ရှိခဲ့သည်။ ၁၈၅၀ ပြည့်နှစ်များ ရောက်သည့်အခါ ဗြိတိသျှမြို့တည်ဆောက်သူများက ဆူးလေဘုရားကို မြို့လယ်ခေါင်အဖြစ် ထားရှိရန် ဆုံးဖြတ်ခဲ့ကြပြီး ဘုရားအနီး ရေများကို ဖောက်ထုတ်ခဲ့သည်။ ထို့နောက် မြို့ကို လေးထောင့်ကွက်ပုံ တည်ဆောက်ရန် လမ်းများ ဖောက်လုပ်ခဲ့ကြသည်။

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်