အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၈၉၀ ပြည့်နှစ် ကာလများက ဆူးလေဘုရား
event_note ခေတ်ကာလများပြပုံ

1890s

၁၈၉၀ ပြည့်နှစ် ကာလများက ဆူးလေဘုရား

Read in English

ရှေးခေတ်ဗမာပြည်၏ ဓာတ်ပုံများကို စိတ်ဝင်စားသူများအတွက် သတင်းကောင်းတခု။ ဗြိတိသျှ စာကြည့်တိုက် တွင် ရှေးခေတ်ဗမာပြည် ဓာတ်ပုံများကို စုစည်းထားပြီး ထိုမှ ရာချီသော ဓါတ်ပုံများကို အင်တာနက်လိပ်စာ www.bl.uk တွင် လေ့လာကြည့်ရှုနိုင်ပြီ ဖြစ်သည်။ ယခုပုံမှာ ဂျာမန်ဓာတ်ပုံဆရာ ဖီးလစ် ခလိုင်ယာ (Philip Kliers) က ၁၈၉၀ ခုနှစ်တွင် ရိုက်ကူးထားသော ဆူးလေဘုရားပုံဖြစ်ပါသည်။ ဘားလမ်းဘက်မှ ရိုက်ကူးထားခြင်း ဖြစ်ပါသည်။ မြို့တော်ခန်းမ အဟောင်းကို ပုံ၏ ညာဘက်တွင်တွေ့မြင်နိုင်ပြီး ရွှေတိဂုံဘုရားကို အဝေးတွင် ပျပျ မြင်နေရသည်။ ပန်းခြံအလယ်မှ (ထိုစဉ်က ဖိုက်ပန်းခြံ - Fytche Park ဟုခေါ်သည်) သံထောက်တိုင်များနှင့် နေရိပ်မိုး အဆောက်အဦးမှာ ထိုစဉ်က ရန်ကုန်မြို့နေ ဂျူးလူမျိုူး လုပ်ငန်းရှင် မော်ဒီကိုင်း အိုင်းစက်ခ် ကိုဟင် (Mordecai Isaac Cohen) က လှူဒါန်းထားခြင်း ဖြစ်သည်။

ကမ္ဘာ့ မြို့တော်အဖြစ် ရန်ကုန် (၁၈၅၃-၁၉ ၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်