အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၃၀ ပြည့်နှစ်များက ရန်ကုန်မြို့ ဆူးလေဘုရားလမ်း
event_note ခေတ်ကာလများပြပုံ

၁၉၃၀

၁၉၃၀ ပြည့်နှစ်များက ရန်ကုန်မြို့ ဆူးလေဘုရားလမ်း

Read in English

ဆူးလေဘုရားလမ်းအဆုံးတွင် အိန္ဒိယ အင်ပါယာဘဏ် ရှိသည်။ (၁၉၅၀ ပြည့်နှစ်များက မြေညီထပ်တွင် ဆွီဒင်သံရုံးနှင့် ဗမာ့မီးခြစ်(Burma Match)ရုံး ရှိခဲ့သည်။) ယင်း၏ ညာဘက်တွင် ခန့်ညားထည်ဝါသော ဗဟိုစာတိုက်ကြီး အဆောက်အဦဟောင်း ရှိပါသည်။ စာတိုက်ကြီး မျက်နှာချင်းဆိုင် ကုန်သည်လမ်းပေါ်တွင် ဘားမားရေနံကုမ္ပဏီ အဆောက်အဦ (နောင်တွင် စံပြ ဘိုးဘွားရိပ်သာနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း) ရှိပါသည်။ ၁၉၃၀ ပြည့်နှစ်များက ဘားမားရေနံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကုမ္ဗဏီတစ်ခု ဖြစ်ခဲ့သည်။ ဆူးလေဘုရားလမ်းအပေါ်ထိပ်တွင် သြစတြေးလျလူမျိုး ဒီဇိုင်းဆွဲပေးသည့် ဗမာလူမျိုးပိုင် ဖေးဘရိတ်ကုန်တိုက် (Favorite Department Store) ရှိသည်။ ပန်းခြံ၏ တစ်ဖက်ခြမ်းရှိ ရိုးတိုက် (Rowe & Co.)နှင့် အပြိုင် ဖြစ်သည်။ ထို့အပြင် ဝှိုက်တ်ဝေး (Whiteaway)၊ လိတ်ဒ်လော (Laidlaw & Co. ဖယ်ရာလမ်း၊ ယနေ့ ပန်းဆိုးတန်းလမ်းပေါ်) နှင့် ဝပ်တ်ဆင် (Watson’s ဖယ်ရာလမ်းပေါ်)တို့ တည်ရှိသည်။ ထိုအဆောက်အဦတွင် ၁၉၂၀-၁၉၃၀ ပြည့်နှစ်များက ကျော်ကြားသော ဒဂုံ မဂ္ဂဇင်းရုံးလည်း ရှိခဲ့သည်။ ယနေ့တွင် ဆူးလေဘုရား အနီးတစ်ဝိုက်မှ သစ်ပင်အတော်များများ မရှိတော့ချေ။ စင်တာပွိုင့် အဆောက်အဦ (Centre Point)က ဒေသတွင်း၌ အကြည့်ကောင်းဆုံး ကောင်းကင်နောက်ခံ မြင်ကွင်းတစ်ခု၏ အလှအပကို ဖျက်ဆီးထားသည်။

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်