အမေ့ခံအတိတ်
အမေ့ခံအတိတ်
စစ်တောင်းမြစ်ကွေ့တိုက်ပွဲ
event_note ခေတ်ကာလများပြပုံ

၂ ဇူလိုင် ၁၉၄၅ - ၇ သြဂုတ် ၁၉၄၅

စစ်တောင်းမြစ်ကွေ့တိုက်ပွဲ

people General Kimura Heitaro

Read in English

၁၉၄၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ အထိ စစ်တောင်းမြစ်ကွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ၁၉၄၅ ခုနှစ် မေလတွင် ရန်ကုန်မြို့ကို မဟာမိတ်တပ်များ (the Allied) က ပြန်လည်သိမ်းယူလိုက်နိုင်ပြီး များမကြာမီ ဗိုလ်ချုပ်ကြီး ဟိတာရို ခိမုရာ (Heitarō Kimura) လက်အောက်ရှိ အမှတ် ၁၅၊ ၂၈ နှင့် ၃၃ ဂျပန်တပ် (Japanese) တို့သည် ပဲခူးရိုးမမှ ထိုးဖောက်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ (Thailand) သို့ ချီတက်ရန် ကြိုးပမ်းခဲ့သည်။ မိုးသည်းထန်နေသည့်ကြားထဲမှ ဂျပန်တပ်များက ထိုးထွက်ရန် ကြိုးစားသော်လည်း ဗြိတိသျှတပ်များနှင့် ရင်ဆိုင်ရသောကြောင့် အတော်ပင် သွေးထွက်သံယို ဖြစ်ခဲ့သော တိုက်ပွဲ ဖြစ်သည်။ စစ်သား ၁၀,၀၀၀ နီးပါး ကျဆုံး၍ ၅,၀၀၀ ခန့် ဒဏ်ရာရခဲ့သည်။ ယင်းထိုးဖောက်စစ်ဆင်ရေးသည် ဒုတိယကမ္ဘာစစ်ကြီး အတွင်း အနောက်အင်အားစု ပါဝင်သည့် နောက်ဆုံးသော အဓိက တိုက်ပွဲကြီးတစ်ခု ဖြစ်ပေသည်။

၁၉၄၅ ခုနှစ်က ဗြိတိသျှလူမျိုး ပန်းချီဆရာ လက်စလီကိုးလ် (Leslie Cole) ရေးဆွဲ၍ တော်ဝင်စစ်သမိုင်းပြတိုက်တွင် ထိန်းသိမ်းထားသည့် ဤပန်းချီကားတွင် စစ်တောင်းတိုက်ပွဲ၏ အနေအထားကို ခံစားတွေ့မြင်နိုင်သည်။ ဘုရင်မကြီး၏ ကိုယ်ပိုင်တပ်ဖွဲ့ (တော်ဝင် ကန့်အနောက်ပိုင်း တပ်ဖွဲ့ - Royal West Kent) က မိုးသည်းထန်နေသည့်ကြားမှ စစ်တောင်းမြစ်တစ်လျှောက် ဂျပန်တပ်များကို လိုက်လံရှာဖွေနေရပုံကို ရေးဆွဲထားခြင်း ဖြစ်သည်။ အရှေ့တောင်အာရှ ဒေသ၏ စစ်ပွဲဆိုင်ရာ ပန်းချီဆရာ အဖြစ် ကိုးလ်သည် ဘုရင်မကြီး၏ ကိုယ်ပိုင်တပ်ဖွဲ့နှင့် အတူ တောတွင်းကင်းလှည့်ရာတွင် လိုက်ပါခဲ့ရပြီး ထိုကဲ့သို့သော မြင်ကွင်းများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်