အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဘောင်ဒရီလမ်း
event_note ခေတ်ကာလများပြပုံ

၁၉၀၀

ဘောင်ဒရီလမ်း

Read in English

လွန်ခဲ့သော နှစ်တစ်ရာခန့်က ရန်ကုန်မြို့ရှိ ဘောင်ဒရီလမ်း (ယခု ဓမ္မစေတီလမ်း) ဖြစ်သည်။ ယနေ့ခေတ် စီးတီးမတ်၊ ဆဗွိုင်ဟိုတယ် ၊ ရှာကီ စားသောက်ဆိုင်တို့ အနီး  ဖြစ်သည်။ ဘောင်ဒရီ (အနားသတ်) လမ်းဟု ခေါ်ရခြင်းမှာ ထိုစဉ်က ဘောင်ဒရီလမ်းသည် မြို့အနားသတ်မျဉ်း တလျှောက် တည်ရှိခြင်းကြောင့် ဖြစ်သည်။ ဘောင်ဒရီလမ်းတွင် ကျော်ကြားသော ဗမာလူမျိုးများ နေထိုင်ကြသည်။ ရန်ကုန်မြို့တော်ဝန်ဖြစ်ဖူးသော ဦးဘသိန်းသည် လှပသော ကျွန်းသစ်အိမ်ကြီးနှင့် ဘောင်ဒရီလမ်းတွင် နေထိုင်ခဲ့သည်။ မြောက်ဘက်ယွန်းယွန်းရှိ ရွှေတောင်ကြားရပ်ကွက်မှာ ထိုအချိန်တွင် မဆောက်လုပ်ရသေးဘဲ အချိန်တော်တော်ကြာမှ (၁၉၂၀ နှင့် ၁၉၃၀ ပြည့်နှစ်များမှ) တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်