အမေ့ခံအတိတ်
အမေ့ခံအတိတ်
ပါးနပ်သည့် ကချင်ဒူဝါကြီး
event_note ခေတ်ကာလများပြပုံ

၁၉၂၅

ပါးနပ်သည့် ကချင်ဒူဝါကြီး

Read in English

ဒူဝါငလိုင်လ (Duwa Nga Lang La) သည် အထက်တြိဂံဒေသတွင် သြဇာကြီးသော ခခု (ကချင်) မျိုးနွယ်စု ခေါင်းဆောင် ဖြစ်သည်။ ဒူဝါးကြီးကို ဘုရင်ခံ ဆာဟားကုတ်ဘတ္တလာ (Sir Harcourt Butler) က ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့သို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။ ကချင်တောင်တန်းဒေသသည် ဝင်ရောက်လာသော ကိုလိုနီနယ်ချဲ့များကို အစွမ်းကုန် ခုခံတိုက်ခိုက်ပြီးနောက် ထိုအချိန်တွင် ဗြိတိသျှအိန္ဒိယအစိုးရ၏ တစ်ဆင့်ခံ အုပ်ချုပ်မှုအောက်တွင်သာ ရှိခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်လာသောအခါ ဒူဝါက ဗြိတိသျှတို့ထံမှ လက်ဆောင် အဖြစ် ကားတစ်စီး တောင်းသည်။ အထက်တြိဂံဒေသတွင် ဖြည့်ရန် ဓာတ်ဆီမရှိ၊ မောင်းရန် လမ်းမရှိသောကြောင့် ကားရှိလည်း အသုံးဝင်မှာ မဟုတ်ဟူ၍ ဗြိတိသျှတို့က ရယ်မောကြသည်။ သို့ရာတွင် ယင်းတို့အပေါ် အထင်ကြီးသွားစေချင်သောကြောင့် ရိုးလှသည့် လူမျိုးစုခေါင်းဆောင်ကြီး၏ အလိုကို လိုက်လျောခဲ့သည်။ လူရည်လည်လှသည့် ဒူဝါမှာ ရန်ကုန်မြို့တွင် ထိုကားကို ရောင်းရန် အိန္ဒိယလူမျိုး စီးပွားရေးသမားတစ်ဦးနှင့် ပြောဆိုထားပြီးသား ဖြစ်သည်။ ငွေထုပ်ပိုက်လျက် အိမ်ပြန်သွားခဲ့သည်ကို ဗြိတိသျှတို့ အရိပ်အမြွက်ပင် မသိခဲ့ကြချေ။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်