အမေ့ခံအတိတ်
အမေ့ခံအတိတ်
event_note ခေတ်ကာလများပြပုံ

ဇန်နဝါရီ ၁၉၇၈

မြန်မာနိုင်ငံကို ပထမဆုံး လာရောက်လည်ပတ်သည့် တရုတ်ခေါင်းဆောင်

people Deng Xiaoping

Read in English

ဤသည်မှာ ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလက တိန့်ရှောင်ဖိန့် (Deng Xiaoping) ၏ ရန်ကုန်မြို့ ခရီးစဥ်ကို ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်တို ဖြစ်သည်။

တိန့်ရှောင်ဖိန့်သည် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်သည့် တရုတ်ခေါင်းဆောင် ဖြစ်သည်။ ကျိုးအင်လိုင် (Zhou Enlai) သည် ဝန်ကြီးချုပ် အဖြစ် အကြိမ်ကြိမ် လာရောက်ခဲ့သေးသော်လည်း မော်စီတုန်း (Mao Zedong) နှင့် ဟွာကိုဖုန်း (Hua Guofeng) တို့က မလာရောက်ခဲ့ဖူးပေ။ တရုတ်နိုင်ငံသည် ပန်ဆိုင်းမြို့တွင် အခြေပြုသည့် ဗမာပြည် ကွန်မြူနစ်ပါတီ၏ တော်လှန်ရေးကို ဆယ်စုနှစ် တစ်ခုမက ထောက်ခံအားပေးခဲ့သည်။ သို့သော် ၁၉၇၈ ခုနှစ်တွင်မူ တရုတ်နိုင်ငံသည် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီနှ င့် စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံမှုများ တည်ထောင်ရန် လိုလားခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ (Vietnam) ကို တွန်းလှန်ရန် မြန်မာနိုင်ငံနှင့် မဟာမိတ် ဖွဲ့လိုသည်။ (ထိုစဥ်က တရုတ်-ဆိုဗီယက် (Soviet Union) တင်းမာမှုများ အထွတ်အထိပ် ရောက်နေချိန် ဖြစ်သည်။) တိန့်ရှောင်ဖိန့်၏ ခရီးစဥ် အပြီးတွ၍် တရုတ်နိုင်ငံလည်း ကွန်မြူနစ်တို့ကို ထောက်ပံ့မှုများကို လျှော့ချလိုက်သောအခါ တရုတ်-မြန်မာ ဆက်ဆံရေးမှာ များစွာ ကောင်းမွန်လာတော့သည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်