အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်၏ ဂိုအာလူမျိုးများ

မြန်မာပြည်၏ ဂိုအာလူမျိုးများ

Read in English

တစ်ချိန်တစ်ခါက ဂိုအာလူမျိုး (Goans) အသိုင်းအဝိုင်းကြီးတစ်စု ရန်ကုန်မြို့တွင် နေထိုင်ခဲ့ဖူးသည်။ (ယင်းတို့သည် ပေါ်တူဂီပိုင် ဂိုအာမြို့မှ လာကြသည်။) ပုံပါ အဆောက်အဦမှာ ရန်ကုန်ရှိ ဂိုအာလူမျိုးပိုင် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်ကာ အမှတ် ၄၆၅ ဒလဟိုစီလမ်း (မဟာဗန္ဓုလလမ်း)၌ တည်ရှိခဲ့သော E.M de Souza အိမ်သုံးဆေးဝါးနှင့် အလှကုန်ပစ္စည်း အရောင်းဆိုင် (ဆေးဆိုင်) ဖြစ်သည်။ ယနေ့တွင် ထိုနေရာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တည်ရှိသည်။ စိတ်မကောင်းစရာမှာ အဆောက်အဦ၏ ဆင်ဝင်ကြီး မရှိတော့ချေ။

ကမ္ဘာ့ မြို့တော်အဖြစ် ရန်ကုန် (၁၈၅၃-၁၉ ၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်