အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဦးစော ကြိုးပေးခံရခြင်း
event_note ခေတ်ကာလများပြပုံ

၈ မေ ၁၉၄၈

ဦးစော ကြိုးပေးခံရခြင်း

people U Saw

Read in English

၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်မှုဖြင့် ဦးစောအား အင်းစိန်ထောင်တွင် ကြိုးပေးစီရင်ခဲ့သည်။ လုပ်ကြံမှုနှင့် ပတ်သက်၍ ပဟေဠိများစွာ ရှိသော်လည်း ဦးစော၏ ပါဝင်ပတ်သက်မှုမှာ အငြင်းပွားစရာ မရှိပေ။ ရုပ်အလောင်းကို ထောင်အတွင်းမှာပင် အမည် မတပ်ထားသော အုတ်ဂူတစ်ခုတွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်။ ဝဲဘက်မှ ဓာတ်ပုံမှာ ၁၉၄၁ ခုနှစ်က ဦးစော မြန်မာပြည်၏ နန်းရင်းဝန် (ဝန်ကြီးချုပ်) အဖြစ် လန်ဒန်မြို့ (London) နှင့် ဝါရှင်တန်မြို့ (Washington) သို့ သွားရောက်ခဲ့စဉ်က ဖြစ်သည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်