အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်၏ ဂျူးလူမျိုးများ
Norma Solomon and Diane Cohen in 1948. They were members of Yangon's once prominent Jewish community.
Norma Solomon and Diane Cohen in 1948. They were members of Yangon's once prominent Jewish community.

မြန်မာပြည်၏ ဂျူးလူမျိုးများ

Read in English

မြန်မာနိုင်ငံရှိ လူသိအနည်းဆုံးသော လူနည်းစု အသိုင်းအဝိုင်းများ အနက် တစ်စုမှာ မြန်မာဂျူးလူမျိုးများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာကပင် မြန်မာနိုင်ငံတွင် ဂျူးလူမျိုးများ နေထိုင်ခဲ့ကြမည်ဟု ယူဆရသည်။ မြန်မာ့သမိုင်းတွင် ပထမဆုံး ပါဝင်သော ဂျူးလူမျိုးမှာ (၁၇၅၅ ခုနှစ်ဝန်းကျင်က) အလောင်းဘုရား၏ စစ်တပ်တွင် အရာရှိ အဖြစ် အမှုထမ်းခဲ့သူမှာ ဆော်လမွန်ဂါဘရီယိုလ် (Solomon Gabriol) ဖြစ်သည်။  မော်လဒိုနိုင်ငံဖွား ဂျူးလူမျိုး ဖြစ်သူ ဂျိုးနက်စ် ဂိုလ်ဒင်ဘတ်ဂ် (Jonas Goldenberg) သည် မင်းတုန်းမင်း လက်ထက် မန္တလေးနန်းတော်၏ စီပွားဖက် လုပ်ငန်းရှင်တစ်ယောက် ဖြစ်ကာ သစ်ထုတ်လုပ်ရေးနှင့် ကြီးပွားလာခဲ့သူ ဖြစ်သည်။

၁၉ ရာစု အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဂျူးလူမျိုးများမှာ ဘဂ္ဂဒက်မြို့ (Baghdad) မှ လာသည့် ဂျူးလူမျိုးများ ဖြစ်ကြသည်။ ၂၀ ရာစု အစပိုင်းတွင် ရန်ကုန်တစ်မြို့တည်း၌ပင် နေထိုင်သူ ဂျူးလူမျိုးပေါင်း ၂၃၀၀ ကျော်ရှိခဲ့သည်။ (ထိုစဉ်က ရန်ကုန်လူဦးရေမှာ လေးသိန်းခန့်သာရှိသည်။) ၂၆ လမ်းတွင် ရှိသော ဂျူးဘုရားကျောင်းကြီး (မူရှ်မာ ယေဟိုးဝါ Musmeah Yeshua) သည် ယနေ့တိုင် တည်ရှိနေပါသေးသည်။ ရန်ကုန်မြို့၏ ဂျူးသင်္ချိုင်းတွင် အုတ်ဂူပေါင်း ၆၀၀ ကျော် ရှိသည်။

ဆိုဖယ် (Sofaers) မိသားစုသည် အထင်ကရ ဂျူးလူမျိုး မိသားတစ်စု ဖြစ်သည်။ ပုံမှာ ကုန်သည်လမ်းရှိ ဆိုဖယ်မိသားစုပိုင် လုပ်ငန်း စတင်ဖွင့်လှစ်စပုံ ဖြစ်သည်။ ဒေးဗစ်ဆိုဖယ် (David Sofaer) သည် မြို့တော်ဝန် အဖြစ် ခေတ္တမျှ ဆောင်ရွက်ခဲ့သည်။ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်း (ဖဲယားလမ်း)ထောင့်တွင် ခန့်ညားထည်ဝါသည့် ဆိုဖယ်အဆောက်အဦ ယနေ့တိုင် ရှိနေဆဲ ဖြစ်သည်။

ဆော်လမွန် မိသားစုသည်လည်း ရန်ကုန်မြို့တွင် အထင်ကရ ဖြစ်သည့် ဂျူးမိသားစု တစ်စု ဖြစ်သည်။ အက်ဇရာ ဆော်လမွန် (Ezra Solomon) သည် ၁၉၂၀ ပြည့်နှစ်တွင် မွေးဖွားပြီး ၁၉၄၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရကာ ချီကာဂိုတက္ကသိုလ်တွင် မြန်မာပြည် ကိုယ်စားပြု ပညာတော်သင်ကျောင်းသား အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းလိုက်ရာ အက်ဇရာသည် မြန်မာပြည် မပြန်ရန်ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် စတန်းဖို့ဒ် (Standford) တက္ကသိုလ်မှ ပါမောက္ခ အဖြစ်လည်းကောင်း၊ အမေရိကန်သမ္မတ နစ်ဆင်၏ အကြံပေး အဖြစ်လည်းကောင်း အလွန်သြဇာတိက္ကမရှိသော ဘဏ္ဍာရေး ဆိုင်ရာ စီးပွားရေး ပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်