
event_note ခေတ်ကာလများပြပုံ
၁၉၀၃
၁၉၀၃ ခုနှစ် အစောပိုင်းကာလက မြန်မာပြည်သို့ လာရောက်ခဲ့သော နာမည်ကျော် ဂါထရုဘဲလ်
room United Kingdom
၁၉၀၃ ခုနှစ် အစောပိုင်းကာလက ဗြိတိသျှလူမျိုး စွန့်စားရေးသမား၊ ရှေးဟောင်း သုတေသန ပညာရှင်၊ အုပ်ချုပ်ရေးမှူးနှင့် သူလျှိုဖြစ်သူ ဂါထရုဘဲလ် (Gertrude Bell) သည် မြန်မာပြည်တွင် ရက်သတ္တပတ် အနည်းငယ်ကြာ နေထိုင်ခဲ့ဖူးလေသည်။ (ရိုင်လီစကော့ ရိုက်ကူးမည့် အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ဘဲလ်အဖြစ် အိန်ဂျလီနာဂျိုလီမှ သရုပ်ဆောင်မည်။) သူမကိုယ်တိုင် ရိုက်ကူးခဲ့သော ဖော်ပြပါ မြန်မာမိန်းကလေးငယ် တစ်ဦး၏ ဓာတ်ပုံနှင့် အိမ်သို့ရေးသော စာတစ်စောင်၊ နှစ်စောင်က လွဲ၍ မြန်မာပြည် ခရီးစဉ် မှတ်တမ်း မဆိုသလောက်သာ ကျန်ရစ်ခဲ့သည်။ ပုံထဲတွင် ပါဝင်သည့် မိန်းကလေးမှာ အငြိမ့်မင်းသမီး မထွေးလေး ဖြစ်သည်ဟု သိရသည်။
ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်