
event_note ခေတ်ကာလများပြပုံ
၁၈၇၉ - ၁၉၅၁
ဦးချစ်လှိုင်၏ ဘဝအကြောင်း
အမျိုးသားခေါင်းဆောင် ဝတ်လုံရရှေ့နေ ဦးချစ်လှိုင် (၁၈၇၉-၁၉၅၁) သည် တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံရေးလောကတွင် အရှိန်အဝါ မြင့်မားသော ပုံရိပ်တစ်ခု ပိုင်ဆိုင်ခဲ့သူ ဖြစ်ပြီး အားပေးထောက်ခံသူများစွာ ရှိခဲ့သူ ဖြစ်သည်။ သူ့အား "ဗမာပြည်၏ သရဖူ မဆောင်းသောဘုရင်" ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ယခုဓာတ်ပုံသည် ၁၉၃၁ ခုနှစ်က လော့ဒ်ပီးလ် (Lord Peel) က ဦးစီးကျင်းပသော မြန်မာပြည်ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲကို လန်ဒန်တွင်တက်ရောက်နေစဉ် ရိုက်ကူးထားသော ဦးချစ်လှိုင်၏ ပုံ ဖြစ်သည်။
ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်