အမေ့ခံအတိတ်
အမေ့ခံအတိတ်
ပျောက်ဆုံးသွားသော ဆန်းရှင်တွေ့လူ့အဖွဲ့အစည်း

2nd Millenium B.C

ပျောက်ဆုံးသွားသော ဆန်းရှင်တွေ့လူ့အဖွဲ့အစည်း

room China

Read in English

လျှို့ဝှက်ဆန်းကြယ်သော ဆန်းရှင်တွေ့ (Sanxingdui) ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ၁၉၈၀ ပြည့်နှစ်များက ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည်။ စာပေ အထောက်အထား ရှာမတွေ့သေးသောကြောင့် ထိုလူမျိုးများ အကြောင်း ကောင်းစွာ မသိရှိကြသေးပေ။ ဆန်းရှင်တွေ့ဒေသနှင့် အနီးတဝိုက် ဒေသများသည် တိဘက်-မြန်မာနွယ် ဘာသာစကားပြော လူမျိုးစုများ အရင်းတည်ရာ ဒေသများ ဖြစ်ဖွယ်ရာ ရှိသည်။ (မြန်မာ၊ ဂျင်းဖော၊ နာဂ၊ ဇိုမီ စသည့် ဘာသာစကားများ၏ တိဘက်-မြန်မာနွယ် မိခင်ဘာသာမှ ဆင်းသက်လာကြသည်။) ထိုဒေသသည် ဘီစီ ၂ ထောင်စုနှစ် ယဉ်ကျေးမှု ထွန်းကားရာ ဖြစ်ပြီး တရုတ်ပြည် ရှန်မင်းဆက် (Shang Dynasty)၊ အီဂျစ်ပြည်ထောင်သစ်၊ ရှေးခေတ် ဘေဘီလုံပြည် (Babylon) တို့နှင့် ခေတ်ပြိုင် ဖြစ်သည်။ 

ဆန်းရှင်တွေ့သည် ယနေ့ခေတ် စီချွမ်ပြည်နယ် (တရုတ်ပြည် အနောက်ပိုင်းဒေသ) တွင် တည်ရှိသော်လည်း ယင်းတို့၏ လူ့ယဉ်ကျေးမှု ထွန်းကားပုံသည် အရှေ့မြောက်ဘက်မှ ကီလိုမီတာ တစ်ထောင်ခန့် ရှိသည့် တရုတ်ပြည်မကို ဖြစ်ပေါ်လာစေသော မြစ်ဝါဒေသ လူ့အဖွဲ့အစည်း တိုးတက်လာပုံနှင့် ကွဲပြားသည်။ 

ယနေ့ခေတ်မြန်မာလူမျိုးများ၏ ဘိုးဘွားများသည် ထိုဒဏ္ဍာရီဆန်သော လူမျိုးစုနှင့် တနည်းတဖုံ ပတ်သက် ဆက်နွယ်နေလိမ့်မည်ဟု ကောက်ချက်ချနိုင်သည်။ ပုံပါ ကြေးဦးခေါင်းမှာ ဆန်းရှင်တွေ့ဒေသတွင် တူးဖော်တွေ့ရှိခဲ့သည့် ကြေး၊ ကျောက်စိမ်းနှင့် ဆင်စွယ်များဖြင့် ပြုလုပ်ထားသော လက်ရာမြောက်သည့် ဦးခေါင်းရုပ် (၁၀၀) ထဲမှ တစ်ရုပ် ဖြစ်သည်။ ထိုယဉ်ကျေးမှုနှင့် ပတ်သက်၍ သိရသည့် တစ်ချက်မှာ ဘီယာချက်ခြင်းနှင့် သောက်သုံးခြင်းသည် ဆန်းရှင်တွေ့တို့၏ အဓိကကျသော ယဉ်ကျေးမှုဓလေ့ ဖြစ်ကြောင်း ဖြစ်သည်။

သမိုင်းမတွင်မီနှင့် ရှေးခေတ် သမိုင်းကြောင်း မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်