အမေ့ခံအတိတ်
အမေ့ခံအတိတ်

သမိုင်းမတွင်မီနှင့် ရှေးခေတ် သမိုင်းကြောင်း

ယနေ့မြန်မာနိုင်ငံ ဖြစ်လာမည့် ဒေသတွင် လွန်ခဲ့သည့် နှစ်သန်းချီကပင် ရှေးလူသားများ နေထိုင်ခဲ့ကြသကဲ့သို့ မိမိတို့၏ ဘိုးဘေးများ ဖြစ်လာခဲ့သော ခေတ်လူသားတို့သည်လည်း လွန်ခဲ့သည့် နှစ်ထောင်ချီက အာဖရိကတိုက်မှ ထွက်ခွာလာပြီးနောက် မြန်မာနိုင်ငံ တည်ရှိရာတွင် အခြေချ နေထိုင်ခဲ့ကြသည်။ ယနေ့ မြန်မာနိုင်ငံရှိ လူအများစုသည် မြောက်အရပ်မှ ပြောင်းရွှေ့ဝင်ရောက်လာသည့် တိဘက်-မြန်မာနွယ် ဘာသာစကားများနှင့် အခြားသော ဘာသာစကားများကို ပြောသောသူများမှ ဆင်းသက်လာသည်။ ထိုထက် ဝေးလံသော ဒေသများက ပြောင်းရွှေ့လာသူများမှ ဆင်းသက်လာသူ များစွာလည်း ရှိသည်။ ထိုသို့ဖြင့် မြန်မာနိုင်ငံ တည်နေရာ ဒေသတွင် အစဥ်အဆက်ကပင် ပြောင်းရွှေ့နေထိုင်သူ စုံလင်ခဲ့ပြီး ယနေ့ခေတ်၏ ထူးခြားသည့် လူမျိုးစုံ ရောနှောပါဝင်သော သရုပ်လက္ခဏာများကို ဖြစ်ပေါ်စေခဲ့သည်။ 

မြန်မာနိုင်ငံ၏ သမိုင်းမတွင်မီခေတ်နှင့် လွန်ခဲ့သည့် နှစ်တစ်ထောင် ကာလက သမိုင်းကြောင်းများကို ယနေ့ထိ တစ်ပိုင်းတစ်စသာ သုတေသနပြုနိုင်ခဲ့သည်။ ဤအပိုင်းတွင် ပျောက်ဆုံးနေသော လူအဖွဲ့အစည်းများ၊ ရှေးလူများ၏ ရုပ်ကြွင်းများမှသည် ယနေ့ထိ ကျင့်သုံးနေဆဲ ဖြစ်သော ဓလေ့များ အကြောင်း စသည့် အတည်ပြုနိုင်သော အယူအဆများနှင့် လေ့လာတွေ့ရှိ အတည်ပြုရန် လိုနေသေးသော အတွေးအမြင်များကို ဖော်ပြထားသည်။

Historic Events

ပျူကျောက်စာ

၂၀၁၄ ခုနှစ်တွင် UNESCO သည် မြန်မာနိုင်ငံ၏ ပထမ ထောင်စုနှစ်က မြို့တော် ၃ ခု ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်းတို့ကို ကမ္ဘာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသများ အဖြစ် စာရင်းသွင်းခဲ့သည်။ မြို့ရိုးနှင့် ကျုံး ဝန်းရံထားခဲ့သော ထိုမြို့ဟောင်းများကို တစ်ပိုင်းတစ်စ တူးဖော်ထားပြီး တူးဖော်ရသမျှတွင် စေတီပုထိုးများ၊ နန်းတော်၊ သင်္ချိုင်း၊ ထိုခေတ်၏...

အပြည့်အစုံ ဖတ်ရန်

ဝါဆိုလပြည့်နေ့

ဝါဆိုလသည် မြန်မာ့ရိုးရာ ပြက္ခဒိန်၏ စတုတ္ထမြောက်လ ဖြစ်သည်။ (အများအားဖြင့် ဇူလိုင်လတွင် ကျရောက်လေ့ ရှိသည်။) ရဟန်းသံဃာများက ကျောင်းသင်္ကန်းများတွင်သာ သီတင်းသုံးရာနှင့် မင်္ဂလာဆောင်ကဲ့သို့ အခမ်းအနားများ မကျင်းပသင့်သည့် ဝဿ သို့မဟုတ် ဝါဆိုကာလ အစပြုချိန် ဖြစ်သည်။ ပုံမှာ မိဂဒါဝုန် သမင်တော (ယနေ့တွင် ဆားနပ်မြို့ - Sarnath) တွင် ဗုဒ္ဓမြတ်စွာဘုရား ပထမဦးဆုံး...

အပြည့်အစုံ ဖတ်ရန်

ဇမ္ဗူဒီပ

မြန်မာတို့၏ ကမ္ဘာလောကပြ မြေပုံတွင် လူသားမျိုးနွယ်များ အားလုံး မှီတင်းနေထိုင်ရာ ဇမ္ဗူဒီပ သို့မဟုတ် "ဇမ္ဗူသပြေကျွန်း"ကို ဖော်ပြထားသည်။ ဇမ္ဗူသပြေသီး၏ ရုက္ခဗေဒ အမည်မှာ Syzygium cumini ဖြစ်ပြီး ဆီးသီးမျိုးနွယ်ဝင် တစ်မျိုး ဖြစ်သည်။ မာလာဘာဆီးသီး (Malaba plum) သို့မဟုတ် ဂျာဗားဆီးသီး (Java plum) ဟု လူသိများသည်။ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် ဂျိမ်းစကြာဝဠာဗေဒတို့တွင်...

အပြည့်အစုံ ဖတ်ရန်

သီတင်းကျွတ်ကာလ အကြောင်း

ဗုဒ္ဓမြတ်စွာဘုရားသည် နတ်မင်းကြီး ၃၃ ပါး စံရာ တာဝတိံသာနတ်ဘုံတွင် မယ်တော်မာယာဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားနှင့် သိကြား၊ ဗြဟ္မာတို့အား သုံးလကြာ အဘိဓမ္မာ ဟောပြောပြီးနောက် နတ်ပြည်မှ လူပြည်သို့ ပြန်လည် ဆင်းသက် ကြွမြန်းတော်မူလာသည့် အခိုက်ကို သီတင်းကျွတ်ဟု သတ်မှတ်သည်။  သုံးရာစုက ထုလုပ်ခဲ့သည့် ဤဂန္ဓာရ ပန်းတမော့လက်ရာ (ယနေ့ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်မြို့ အက်ရှမိုလီယန်- Ashmolean ပြတိုက်တွင်...

အပြည့်အစုံ ဖတ်ရန်

မြန်မာတို့သည် ခေတ်ကာလများကို အဘယ်ကြောင့် သက္ကရာဇ် ဟုခေါ်ကြသနည်း?

မြန်မာတို့သည် ခေတ်ကာလများကို သက္ကရာဇ်ဟု သုံးနှုန်းကြသည်။ ထိုစကားလုံးသည် အိန္ဒိယစကား သက္ကရာဇ - saka-raj မှ လာသည်။ "သက္ကရာဇ" ဟူသည် “သက္ကမင်း၊ သက္ကဘုရင်” ဟု အဓိပ္ပါယ်ရသည်။ သက္ကလူမျိုးများ သို့မဟုတ် အင်ဒို-ဆစ်သီယန်း (Indo-Scythians) များသည် အာရှအလယ်ပိုင်းဒေသမှ လူမျိုးစု တစ်ခု ဖြစ်ပြီး လွန်ခဲ့သော နှစ် ၂၀၀၀ ခန့်က...

အပြည့်အစုံ ဖတ်ရန်

သင်္ကြန်၏ အဓိပ္ပါယ်

မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်ကို “သင်္ကြန်ပွဲ”ဟု ခေါ်ကာ  ဧပြီလလယ်ခန့်တွင် ရေသွန်းလောင်း ဆင်နွှဲကြသည်။ ပွဲတော်၏ မူလအစမှာ ဗုဒ္ဓဘုရား လက်ထက်တော် သို့မဟုတ် ထို့ထက်ပင် စောခဲ့ဟန် ရှိသည်။ သင်္ကြန် ဆိုသည့် ဝေါဟာရမှာ သက္ကတ စကားလုံး သင်္ကြန္တ မှ ဆင်းသက်လာပြီး ထိုင်းနှစ်သစ်ကူးပွဲတော် ဆွန်ခရန် နှင့် အတူတူပင် ဖြစ်သည်။ သင်္ကြန္တ ဆိုသည်မှာ...

အပြည့်အစုံ ဖတ်ရန်

မြန်မာလူမျိုးတို့၏ မျိုးဗီဇသမိုင်းကြောင်း

လတ်တလောနှစ်များ အတွင်း မျိုးဗီဇသိပ္ဗံပညာရပ် နယ်ပယ်တွင် အချက်အလက်သစ်များကို တွေ့ရှိလာသည်။ ယခုအခါ သိပ္ဗံပညာရှင်များသည် မကြာသေးမီက အထိ ရှိမနေခဲ့သည့် နည်းလမ်းသစ်များ သုံးကာ လူသားမျိုးနွယ်၏ ရှေးအတိတ် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်သစ်များကို  ဖော်ထုတ်နိုင်ခဲ့သည်။ နောင်လာမည့်နှစ်များတွင် ဤတိုင်းပြည်၏ မျိုးဗီဇသမိုင်းကြောင်းကို ယနေ့ထက်ပင် ပိုသိရှိလာနိုင်မည် ဖြစ်သည်။ ယနေ့ထိ သိရှိထားသည်များ လက်လှမ်းမီသလောက် အကျဉ်းချုပ် ဖော်ပြလိုက်ပါသည်။ (မြန်မာ-Burmese...

အပြည့်အစုံ ဖတ်ရန်

ရောမသားများ မြန်မာပြည် ရောက်ဖူးသလား?

အေဒီ ၁၂၁ ခုနှစ်တွင် သံအဖွဲ့တစ်ဖွဲ့သည် ယနေ့ မြန်မာနိုင်ငံ တည်ရာဒေသကို ဖြတ်သန်းကာ ဟန် (Han) တရုတ်အင်ပါယာသို့ ဝင်ရောက်လာရာ ထိုစဉ်က မြို့တော်ဖြစ်သည့် လျို့ယန် (Luoyang) သို့ ခေါ်ဆောင်သွားခံရသည်။ မြန်မာမင်း တစ်ပါးပါးမှ စေလွှတ်သော သံအဖွဲ့ ဖြစ်နိုင်သော်လည်း ဝေးလံသည့် အနောက်အရပ်မှ လာသော သံအဖွဲ့လည်း ဖြစ်နိုင်ပါသည်။ သံအဖွဲ့နှင့် အတူ...

အပြည့်အစုံ ဖတ်ရန်

ပျောက်ဆုံးသွားသော ဆန်းရှင်တွေ့လူ့အဖွဲ့အစည်း

လျှို့ဝှက်ဆန်းကြယ်သော ဆန်းရှင်တွေ့ (Sanxingdui) ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ၁၉၈၀ ပြည့်နှစ်များက ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည်။ စာပေ အထောက်အထား ရှာမတွေ့သေးသောကြောင့် ထိုလူမျိုးများ အကြောင်း ကောင်းစွာ မသိရှိကြသေးပေ။ ဆန်းရှင်တွေ့ဒေသနှင့် အနီးတဝိုက် ဒေသများသည် တိဘက်-မြန်မာနွယ် ဘာသာစကားပြော လူမျိုးစုများ အရင်းတည်ရာ ဒေသများ ဖြစ်ဖွယ်ရာ ရှိသည်။ (မြန်မာ၊ ဂျင်းဖော၊ နာဂ၊...

အပြည့်အစုံ ဖတ်ရန်

ဗုဒ္ဓဖွားမြင်ရာ လုမ္ဗနီဒေသ

ဗုဒ္ဓဖွားမြင်ရာကို ရာစုနှစ်ပေါင်းများစွာ မသိရှိခဲ့ကြပေ။ ၁၈၉၆ ခုနှစ်က ဂျာမန် ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးသည် ဘီစီ ၃ ရာစုတွင် အသောကမင်းကြီးက ဗုဒ္ဓဖွားမြင်ရာနေရာကို အမှတ်အသား ပြုကာ စိုက်ထူခဲ့သော ကျောက်စာတိုင်ကို  ရှာဖွေတွေ့ရှိခဲ့သည်။ ဗြဟ္မီ (Brahmi) အက္ခရာကို သုံးကာ (ပါဠိနှင့် ဆင်တူသော) ပရာခ်ရစ် (Prakrit) ဘာသာစကားဖြင့် ရေးထိုးခဲ့သော ကျောက်စာ ဖြစ်သည်။ အိန္ဒိယပြည်တွင်...

အပြည့်အစုံ ဖတ်ရန်