ပျူကျောက်စာ
၂၀၁၄ ခုနှစ်တွင် UNESCO သည် မြန်မာနိုင်ငံ၏ ပထမ ထောင်စုနှစ်က မြို့တော် ၃ ခု ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်းတို့ကို ကမ္ဘာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသများ အဖြစ် စာရင်းသွင်းခဲ့သည်။ မြို့ရိုးနှင့် ကျုံး ဝန်းရံထားခဲ့သော ထိုမြို့ဟောင်းများကို တစ်ပိုင်းတစ်စ တူးဖော်ထားပြီး တူးဖော်ရသမျှတွင် စေတီပုထိုးများ၊ နန်းတော်၊ သင်္ချိုင်း၊ ထိုခေတ်၏ ထုတ်လုပ်ရေး လုပ်ငန်းခွင်များနှင့် စိုက်ပျိုးရေး အတွက် တူးဖော်ထားသည့် ဆည်မြောင်းများ (အချို့ကို ယနေ့ထိ အသုံးပြုဆဲ ဖြစ်သည်။) ကို တွေ့ရသည်။
ဤသည်မှာ တောင်အိန္ဒိယဒေသမှ ပလ္လ၀ (Pallava) ဘာသာ အက္ခရာ၏ မူကွဲတစ်မျိုး ဖြစ်သော ပျူအက္ခရာ ရေးထိုးထားမှု ဖြစ်သည်။ UNESCO က ထိုမြို့ဟောင်းတို့သည် "လွန်ခဲ့သော နှစ်နှစ်ထောင်ခန့်က အရှေ့တောင်အာရှဒေသတွင် ဗုဒ္ဓဘာသာ စတင်ရောက်ရှိလာခြင်း၏ အမှတ်သညာ ဖြစ်သောကြောင့် ထူးခြားသည့် တန်ဖိုး ရှိသည်။ [...] ပျူတို့၏ ယဥ်ကျေးမှုသည် အိန္ဒိယဟန်ကို မှီငြမ်း၍ မိမိတို့ ကိုယ်ပိုင်ဟန်ကို တီထွင်ခဲ့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်သည်။ ပျူတို့သည် မြို့တော်ကို တိုးချဲ့မှုမှသည် ဆန်းသစ်သော မြို့ပြယဥ်ကျေးမှုကို ဖန်တီးခဲ့၍ နောင်အခါ အရှေ့တောင်အာရှဒေသတွင် ဖြစ်တည်လာသည့် မြို့ပြယဥ်ကျေးမှုများ အပေါ် သြဇာရှိခဲ့သည်"ဟု ဆိုသည်။
ထိုပျူမြို့ဟောင်းများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်လာခဲ့သည်။
သမိုင်းမတွင်မီနှင့် ရှေးခေတ် သမိုင်းကြောင်း မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်