အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဗိုလ်မင်းရာဇာများ
event_note ခေတ်ကာလများပြပုံ

၁၅၉၉

ဗိုလ်မင်းရာဇာများ

Read in English

အကြောင်းအားလျော်စွာ ဘုရင့်နောင်မင်းတရားမှ တိုက်ရိုက်ဆင်းသက်သော မျိုးဆက်တစ်ခုသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် ရုံးစိုက်ခွင့် အမွေကို ရရှိထားသည်။ ၁၅၉၉ ခုနှစ်တွင် ရခိုင်ဘုရင်က ပဲခူးမြို့ကို တိုက်ခိုက်အောင်နိုင်ပြီးနောက် (ဘုရင့်နောင်၏ သား ဖြစ်သည့်) နန္ဒဘုရင်၏ သားတော်  တစ်ဦးကို စစ်တကောင်းနယ် တစ်ဝိုက်ကို အုပ်ချုပ်စေခဲ့သည်။ ထိုသူ၏ အမည်မှာ မောင်စောဖြူ ဖြစ်ပြီး ၁၆၃၁ ခုနှစ်ထိ စစ်တကောင်းနယ်ကို အုပ်ချုပ်ခဲ့သည်။ ထိုအချိန်မှစ၍ ထိုဒေသကို မျိုးရိုးစဉ်ဆက် အုပ်ချုပ်လာခဲ့ရာ ယခုအခါ ဗိုလ်မင်းစက်ထောင် (Bohmong Circle) ဟု ခေါ်တွင်ကြပြီး စစ်တကောင်း တောင်ကြားဒေသ တစ်ဝိုက်မှ ရခိုင်လူမျိုး၊ ဗမာလူမျိုးနှင့် မွန်လူမျိုး အဆက်အနွယ်များ နေထိုင်ကြသည်။ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက် ဖြစ်သည်။ 

ယခုဓာတ်ပုံတွင် ဗိုလ်မင်းထောင် ရာဇာ ၁၅ ဆက်မြောက် ဖြစ်သူ ရာဇာအောင်ရွှေဖြူ ဖြစ်ပြီး သူသည် ဘုရင့်နောင်၏ ၁၆ ဆက်မြောက် မျိုးဆက် ဖြစ်သည်။ သူသည် ၂၀၁၂ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ယခုလက်ရှိ ဗိုလ်မင်းထောင်၏ ရာဇာမှာ ဦးစောဖြူ ဖြစ်သည်။

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်