အမေ့ခံအတိတ်
အမေ့ခံအတိတ်
သီပေါမင်း၏ ဒုတိယသမီးတော်
event_note ခေတ်ကာလများပြပုံ

၁၈၈၃ - ၁၉၅၃

သီပေါမင်း၏ ဒုတိယသမီးတော်

people Second Princess (Ashin Hteik Su Myat Paya-lat) U Khin Maung Lat James Burke

Read in English

သီပေါမင်း၏ ဒုတိယသမီးတော် မင်းသမီး အရှင်ထိပ်စုမြတ်ဖုရားလတ် သည် မိဘနှစ်ပါး ပြည်နှင်ဒဏ်ခံရသည့် ၁၈၈၅ ခုနှစ်တွင် အသက် ၂ နှစ် အရွယ်သာ ရှိသေးသည်။ ၁၉၁၆ ခုနှစ် အောက်တိုဘာလတွင် သူသည် ရတနာပုံနန်းတွင်း အမှုထမ်းမျိုးရိုးမှ လာသော ဦးခင်မောင်လတ်ဆိုသူနှင့် ခိုးရာလိုက်ပြေးကာ အိမ်ထောင်ကျခဲ့သည်။ ယင်းတို့နှစ်ဦးသည် ဟိမဝန္တာတောင်ခြေ၊ ဒါဂျီလင်းမြို့ (Darjeeling) အနီးရှိ ကလင်ပုံမြို့ (Kalimpong) တွင် နို့စားနွား မွေးမြူရေးလုပ်ငန်း အသေးစား တစ်ခု တည်ထောင်ကာ ပျော်ရွှင်ချမ်းမြေ့စွာ သက်ဆုံးတိုင်နေထိုင်သွားခဲ့သည်ဟု သိရှိရပေသည်။ ဤသည်မှာ ၁၉၅၃ ခုနှစ်က ယင်းတို့ နေအိမ်အနီး၌ Life မဂ္ဂဇင်း ဓာတ်ပုံဆရာ ဂျိမ်းစ်ဘာ့ခ် (James Burke) ရိုက်ကူးခဲ့သော ဇနီးမောင်နှံ၏ ဓာတ်ပုံ ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်