အမေ့ခံအတိတ်
အမေ့ခံအတိတ်
စစ်ဒဏ်ထိ ရန်ကုန်မြို့
event_note ခေတ်ကာလများပြပုံ

၁ မေ ၁၉၄၅ - ၇ မေ ၁၉၄၅

စစ်ဒဏ်ထိ ရန်ကုန်မြို့

Read in English

၁၉၄၅ ခုနှစ် မေလ ပထမပတ်တွင် အမှတ် ၁၇ နှင့် အမှတ် ၂၆ အိန္ဒိယ (Indian) တပ်ခွဲများ ဦးဆောင်သော မဟာမိတ်တပ်များသည် ရန်ကုန်မြို့ကို ဂျပန် (Japanese) တို့လက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ဂျပန်တပ်များကမူ မော်လမြိုင်မြို့သို့ ထွက်ပြေးဆုတ်ခွာသွားခဲ့လေသည်။ ထိုရက်သတ္တပတ်တွင်ပင် အဒေါ့ဖ်ဟစ်တလာ (Adolf Hitler) သည်  မိမိကိုယ်ကို အဆုံးစီရင်သွားပြီး ဂျာမနီ (Germany) တို့ လက်နက်ချခဲ့သည်။ 

ဒုတိယကမ္ဘာစစ်ကြီး အတွင်းက ရန်ကုန်မြို့ မည်မျှ ဆိုးဝါးစွာ စစ်ဘေးစစ်ဒဏ် ခံခဲ့ရသည်ကို အများစုက မသိရှိကြပါ။ မဟာမိတ် (the Allies) သာမက ဂျပန်တပ်များက ဗုံးကြဲခြင်း၊ ဂျပန်လက်အောက်သို့ သုံးနှစ်ခွဲမျှ ကျရောက်ခြင်းစသည့်တို့ကြောင့် ရန်ကုန်မြို့ အတော်ပင် ပျက်စီးခဲ့သည်။ မြစ်ဆိပ်များ၊ ရထားလမ်းများ၊ စက်ရုံများ၊ ဆီစက်များနှင့် အခြေခံ အဆောက်အအုံများစွာ အလုံးစုံ ပျက်စီးသွားခဲ့သည်။ ခေတ်ပျက်ကာလတွင်  မြို့မှာ အညစ်အကြေးပုံအောက် ရောက်နေပြီး အိမ်နှင့် အဆောက်အဦများသည်လည်း အကုန်အစင် ဖောက်ထွင်းလုယက်ခံထားခဲ့ရသည်။ ဂျပန်တို့ ရန်ကုန်မြို့ကို ဗုံးကြဲသည့် ၁၉၄၁ ခုနှစ် ခရစ္စမတ် မတိုင်မီ ရန်ကုန်မြို့၏ အခွံမျှသာ ကျန်ခဲ့တော့သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်