အမေ့ခံအတိတ်
အမေ့ခံအတိတ်
အင်ဂျင်တစ်လုံးဖြင့် ပျံသန်းသော လေယာဉ်တစ်စီး သံတွဲမြို့အနီး ပျက်ကျစဥ်
မော်လမြိုင်မြို့ အနီးတွင် လေယာဥ်ပျက်ကျစဥ်
မော်လမြိုင်မြို့ အနီးတွင် လေယာဥ်ပျက်ကျစဥ်

event_note ခေတ်ကာလများပြပုံ

1920s

အင်ဂျင်တစ်လုံးဖြင့် ပျံသန်းသော လေယာဉ်တစ်စီး သံတွဲမြို့အနီး ပျက်ကျစဥ်

Read in English

၁၉၂၀ ပြည့်နှစ် အစောပိုင်းကာလများတွင် သြစတြေးလျလူမျိုး ဂျွန်မက်ကင်တော့ရှ် (John McIntosh)နှင့် ရေးပါရာ (Ray Parer) တို့သည် အင်ဂျင်တစ်လုံးတည်းပါသည့် လေယာဉ်ကို ပထမဆုံးအကြိမ် အဖြစ် လန်ဒန်မြို့ (ဟောင်စ်လိုဟိသ် - Hounslow Heath) မှ ဒါဝင်မြို့ထိ (Darwin) ပျံသန်းနိုင်ခဲ့သည်။ ဖော်ပြပါပုံမှာ ထိုနှစ်ဧပြီလက သံတွဲမြို့ အနီး ထိုလေယာဉ် ပျက်ကျပြီး မရှေးမနှောင်းတွင် ရိုက်ကူးထားသောပုံ ဖြစ်သည်။ အချိန်တို အတွင်း လေယာဉ်ကို ပြင်နိုင်ခဲ့ပြီး ဆက်လက်ပျံသန်းရာ စင်ကာပူနိုင်ငံ၊ ဂျာဗားကျွန်းနှင့် သြစတြေးလျနိုင်ငံသို့ ခရီး မဆက်မီ ရန်ကုန်မြို့ရှိ ကျိုက္ကဆံမြင်းပြိုင်ကွင်းတွင် တစ်ထောက် နားခဲ့သေးသည်။ နောက်ပိုင်းတွင် ဘီအိုအေစီ (BOAC) အပါအဝင် စီးပွားဖြစ် လေကြောင်းလိုင်းများသည် ၁၉၆၀ ပြည့်နှစ်များ မတိုင်မီ အထိ လန်ဒန်မြို့မှ ဆစ်ဒနီမြို့ (Sydney)သို့ ပျံသန်းရာတွင် ရန်ကုန်မြို့၌ ခရီးတစ်ထောက် နားလေ့ရှိခဲ့သည်။ (စစ်တွေမြို့တွင်လည်း တစ်ထောက် နားတတ်ကြသည်။)

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်