အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်မြို့၏ သက်တမ်းအရင့်ဆုံး ရုပ်ရှင်ရုံ
event_note ခေတ်ကာလများပြပုံ

၁၉၂၀

ရန်ကုန်မြို့၏ သက်တမ်းအရင့်ဆုံး ရုပ်ရှင်ရုံ

Read in English

၁၉၅၀ ပြည့်နှစ်ဝန်းကျင်က တွေ့မြင်ရသည့် မောင်ဂိုမာရီလမ်းရှိ အိတ်ဆဲစီးယား (Excelsior) ပြဇာတ်ရုံ ဖြစ်သည်။ ယနေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ဝဇီရာ ရုပ်ရှင်ရုံ ဖြစ်ပါသည်။ မင်းသမီး အက်စသာဝီလျံ (Esther William) ပါဝင်သရုပ်ဆောင်ထားသည့် “ရေကူးဝတ်စုံဖြင့် မိန်းမလှလေး (Bathing Beauty)”အမည်ရှိ ရုပ်ရှင်ကားကို ရုံတင်ပြသနေသည့်ကာလ ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်များက ဆောက်လုပ်ခဲ့ပြီး ရန်ကုန်မြို့တွင် သက်တမ်းအရင့်ဆုံး ရုပ်ရှင်ရုံ ဖြစ်သည်။

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်