အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဗြိတိသျှသေနတ်တပ်ဖွဲ့က မန္တလေးနန်းမြို့ရိုး အပြင်ဘက်တွင် ဗမာသူပုန်များကို ကွပ်မျက်နေစဉ်
event_note ခေတ်ကာလများပြပုံ

နိုဝင်ဘာ ၁၈၈၅ - 6

ဗြိတိသျှသေနတ်တပ်ဖွဲ့က မန္တလေးနန်းမြို့ရိုး အပြင်ဘက်တွင် ဗမာသူပုန်များကို ကွပ်မျက်နေစဉ်

Read in English

တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် ရက်သတ္တ ၂ ပတ်မျှသာ ကြာမြင့်ခဲ့ပြီး ၁၈၈၅ ခုနှစ် နိုဝင်ဘာလတွင် သီပေါမင်း နန်းကျသည်။ သို့သော် တကယ့်တိုက်ပွဲများမှာ ထိုအချိန်မှ စတင်ပြီး ငါးနှစ်နီးပါး ကြာမြင့်ခဲ့သည်။ ဗြိတိသျှတို့ကို ခုခံတွန်းလှန်သော အင်အားစုမှာ တစ်စုတည်း မဟုတ်ဘဲ ကုန်းဘောင်မင်းသားများ၊ မြို့စားများ၊ မြို့သူကြီးများ၊ ရှမ်းခေါင်းဆောင်များနှင့် အခြားသူများ အသီးသီး ခေါင်းဆောင်သည့် အဖွဲ့မျိုးစုံက ပုန်ကန်တော်လှန်ကြခြင်း ဖြစ်သည်။ အထက်မြန်မာပြည်ကို ကျူးကျော်ဝင်ရောက်ခြင်း၊ တတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲ အောင်နိုင်ခြင်းတို့ အတွက် ဗြိတိသျှတို့ဘက်မှ လူအင်အား တစ်သောင်းသာ သုံးခဲ့ရသည်။ သို့သော် ၁၈၈၆ မှ ၁၈၈၇ ခုနှစ် အတွင်း ပြည်တွင်းတော်လှန်မှုများကို နှိမ်နင်းငြိမ်ဝပ်သွားစေရန်  လူအင်အား လေးသောင်းခန့် အသုံးပြုခဲ့ရသည်။ တော်လှန်ရေးကြီးတွင် မြန်မာ ထောင်နှင့်ချီကာ ကျသည်။ စစ်ဒဏ်ကြောင့် အငတ်ဘေးဆိုက်ကာ လူသောင်းချီ သေဆုံးခဲ့သည်။ မူလက ဗြိတိသျှတို့သည် မြန်မာဘုရင်သစ် ခန့်အပ်ကာ တိုင်းပြည်ကို အုပ်ချုပ်စေမည်ဟု ကြံစည်ထားခဲ့သော်လည်း ထိုကဲ့သို့ တော်လှန်မှုများကြောင့် (တောင်တန်းဒေသများမှ လွဲ၍) မြန်မာပြည်ကို တိုက်ရိုက်သာ အုပ်ချုပ်ရန် ဆုံးဖြတ်ခဲ့လေတော့သည်။ ဓါတ်ပုံတွင် မန္တလေးမြို့ရိုး၏ အပြင်၌  ဗြိတိသျှတပ်ဖွဲ့က မြန်မာ"သူပုန်"များကို စီရင်နေပုံကို မြင်ရသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်