အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကင်းဝန်မင်းကြီးမှ ကလီမန့်ဝီလျံစ်ကို ပေးပို့သည့် ရှားပါးစာစောင်
event_note ခေတ်ကာလများပြပုံ

၁၈၅၈ - ၁၈၇၂

ကင်းဝန်မင်းကြီးမှ ကလီမန့်ဝီလျံစ်ကို ပေးပို့သည့် ရှားပါးစာစောင်

people Kinwun Mingyi Clement Williams

Read in English

ကလီမန့် ဝီလျံစ် (Clement Williams) သည် ၁၉ ရာစု မြန်မာ့သမိုင်းတွင် စိတ်ဝင်စားစရာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူသည် ၁၈၅၈ ခုနှစ်က ဗြိတိသျှစစ်တပ်၏ လက်ထောက်ခွဲစိတ်ဆရာဝန် အဖြစ် မြန်မာပြည်ကို ရောက်ရှိလာခဲ့သည်။ နောင်တွင် မန္တလေး၌ (ဗြိတိသျှ) သံကိုယ်စားလှယ် ဖြစ်လာသည်။ မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်ပြီး မင်းတုန်းမင်းက သဘောကျကာ မိတ်ဆွေဟုပင် မှတ်ယူခံရသူ ဖြစ်သည်။ သို့ရာတွင် တစ်နှစ်အတွင်း သူနှင့်ရန်စရှိသည့် ပြိုင်ဖက် ကာနယ်စလေဒင် (Colonel Sladen) နှင့် အစားထိုးခံလိုက်ရသည်။

၁၈၇၀ ပြည့်နှစ်များတွင် ရန်ကုန်မြို့တွင် စီးပွားရေး လုပ်ရင်း ဆက်လက်နေထိုင်ကာ မန္တလေးနေပြည်တော်နှင့် အလုပ်လုပ်လိုသည့် ဗြိတိသျှကုမ္ဗဏီများ အတွက် ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့သည်။ မန္တလေးမြို့တွင် ခေတ်မီစက်မှုလုပ်ငန်းများ တည်ထောင်ရာတွင် လိုအပ်မည့် ပစ္စည်းများကို အင်္ဂလန်နှင့် အခြားနိုင်ငံများမှ ဝယ်ယူရာတွင်လည်း မင်းတုန်းမင်း၏ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့သည်။

ယခုပေးစာမှာ ဝီလျံစ်က ဘရစ်စတိုလ်မြို့ (Bristol) မှ သံကြိုစက်တစ်လုံး ဝယ်ယူပို့ဆောင်ရေး အတွက် စာအပေးအယူ ပြုလုပ်သည့်အထဲမှ တစ်စောင် ဖြစ်သည်။ ထိုစီမံကိန်းများသည် မင်းတုန်းမင်းလက်ထက်က ခေတ်မီသည့် မြန်မာပြည် တည်ဆောက်ရေး အတွက် အားတက်သရော ကြိုးပမ်းခဲ့မှုများကို အမှတ်ရစရာ ဖြစ်ပေသည်။ ဝီလျံစ်သည် ၁၈၇၂ ခုနှစ်က ကင်းဝန်မင်းကြီး ဦးဆောင်ပြီး အင်္ဂလန်ပြည်သို့ သွားရောက်ခဲ့သည့် မြန်မာသံအဖွဲ့တွင်လည်း လိုက်ပါအကူအညီ ပေးခဲ့သေးသည်။ ၁၈၇၉ ခုနှစ်က အင်္ဂလန်ပြည်သို့ အပြန်လမ်းတွင် အီတလီနိုင်ငံ၌ တိုက်ဖွိုက်ရောဂါဖြင့် ကွယ်လွန်သွားခဲ့လေသည်။

ပုံ : David Strachey collection, Royal Ontario Museum

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်