အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၁၄ ခုနှစ်က ရန်ကုန်မြို့တွင် တွေ့ရသော အမေရိကန်နှင့် မြန်မာမိတ်ဆွေများ
event_note ခေတ်ကာလများပြပုံ

၁၉၀၅ - ၁၉၁၄

၁၉၁၄ ခုနှစ်က ရန်ကုန်မြို့တွင် တွေ့ရသော အမေရိကန်နှင့် မြန်မာမိတ်ဆွေများ

Read in English

၁၉၁၄ ခုနှစ်က အမေရိကန်နှင့် မြန်မာမိတ်ဆွေများကို ရန်ကုန်မြို့တွင် တွေ့ရပုံ။ အလယ်တွင် ထိုင်နေသော အမျိုးသမီးမှာ အမေရိကန်ပြည်ထောင်စု၏ ၂၉ ယောက်မြောက် သမ္မတ ဝါရန်ဟာဒင် (Warren Harding) ၏ ညီမဖြစ်သူ ကယ်ရိုလင်း ဟာဒင် ဗိုတော (Carolyn Harding Votaw) ဖြစ်သည်။ သူမသည် (သူမနောက်တွင် ရပ်နေသော) ခင်ပွန်းဖြစ်သူ ဟာဘာဗိုတော (Herber Votaw) နှင့်အတူ ၁၉၀၅-၁၉၁၄ ခုနှစ် အထိ မြန်မာပြည်တွင် နေထိုင်ခဲ့သည်။ သူမ၏ ခင်ပွန်းမှာ ခရစ်ယာန် ဘုန်းတော်ကြီး ဖြစ်ပြီး သာသနာပြုရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းတို့နေအိမ်မှာ လေဒီဒပ်ဖရင်ဆေးရုံ (ယခု ဗဟိုအမျိုးသမီးဆေးရုံကြီး) အနီး အောက်ကြည့်မြင်တိုင်တွင် တည်ရှိခဲ့သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်