အမေ့ခံအတိတ်
အမေ့ခံအတိတ်
မန္တလေးတောင်ပေါ် တိုက်ပွဲ
event_note ခေတ်ကာလများပြပုံ

၈ မတ် ၁၉၄၅

မန္တလေးတောင်ပေါ် တိုက်ပွဲ

room Myanmar

Read in English

ဖော်ပြပါပုံသည် မန္တလေးတောင် တိုက်ပွဲ ဖြစ်ပွားစဉ် အမှတ် ၁၁ ဆစ်ခ် (Sikh) တပ်ရင်းမှ တပ်သားများ ပုံ ဖြစ်သည်။ မန္တလေးတောင်ပေါ်တွင် မဟာမိတ်တို့၏ အမှတ် ၁၉ အိန္ဒိယတပ်ခွဲနှင့် ခုခံသူ ဂျပန်အင်ပါယာတပ်တို့ အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားကြပြီး ၁၉၄၅ ခုနှစ် မတ်လတွင် ဗြိတိသျှလူမျိုး (British)၊ ဂေါ်ရခါးလူမျိုး (Gurkha)၊ ဆစ်ခ်လူမျိုး၊ ပန်ချာပီလူမျိုး (Punjabi) များ ပါဝင်သော တပ်စုများက မန္တလေးတောင်ကို သိမ်းပိုက်နိုင်ခဲ့သည်။

အမှတ် ၄၄ ဂေါ်ရခါးရိုင်ဖယ်တပ်သည် မတ်လ ၈ ရက်နေ့ညတွင် မန္တလေးတောင်တခွင်လုံး စီးနင်းတိုက်ခိုက်ပြီး နောက်နေ့မနက်တွင် တောင်ထိပ်သို့ရောက်ရှိလာသည်။ သို့ရာတွင် ဂျပန်တပ်တို့က ဒါဇင်ပေါင်းများစွာသော အင်္ဂတေ လှိုဏ်ခေါင်းများ၊ ကတုတ်ကျင်းများထဲတွင် ပုန်းအောင်းနေကြသဖြင့် နောင်နှစ်ရက်လုံးလုံး စေတီပုထိုးနှင့် ဘုန်းကြီးကျောင်းများ အကြားတွင် ရှေ့တန်းတပ်မဟာမှ ဆစ်ခ်တပ်နှင့် ဂေါ်ရခါးတပ်တို့သည် ဂျပန်တပ်များကို ရင်ဆိုင်တိုက်ခိုက်ရာ အနီးကပ်တိုက်ပွဲများပင် ပါဝင်ခဲ့သည်။ (နောင် ဆယ်ရက်တိုင်တိုင် ဆက်လက်ဖြစ်ပွားသည့်) မိတ္ထီလာတိုက်ပွဲနှင့် မန္တလေးတိုက်ပွဲတို့သည် မြန်မာပြည်တွင် ဒုတိယကမ္ဘာစစ်ကို အဆုံးအဖြတ်ပေးခဲ့သော တိုက်ပွဲကြီးများ ဖြစ်ကြပေသည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်