အမေ့ခံအတိတ်
အမေ့ခံအတိတ်
စစ်ဘုရင် ဘုရင့်နောင်
event_note ခေတ်ကာလများပြပုံ

၁၆ ဇန်နဝါရီ ၁၅၁၆

စစ်ဘုရင် ဘုရင့်နောင်

Read in English

အထင်ကရ မြန်မာ့စစ်ဘုရင် ဘုရင့်နောင် (ငယ်မည် ရဲထွဋ်) ကို ၁၅၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် မွေးဖွားခဲ့သည်။ ဧရာဝတီ မြစ်ဝှမ်းဒေသမှသည်၊ တိုင်စကားပြောသူများ နေထိုင်ရာ တောင်ပေါ်ဒေသများကို ကျော်ဖြတ်ကာ ချောင်ဖရာမြစ်ဝှမ်း အရှေ့ဘက်ရှိ ဒေသများထိ ကျယ်ပြန့်ပြီး လူမျိုးပေါင်းစုံ ပါဝင်သည့် ဘုရင့်နောင်၏ ပိုင်နက်ကြီးသည် အရှေ့တောင်အာရှဒေသ ဒေသတခွင်လုံးကို လွှမ်းခြုံထားခဲ့သည်။

(ဂျီအီးဟာဗေး၏ ၁၉၂၅ ခုနှစ်ထုတ် History of Burma စာအုပ်တွင် ဖော်ပြခဲ့သည့်) မြေပုံတွင် ၁၅၆၅ ခုနှစ် ဆိုင်ယမ်ပြည် (Siam)၊ လာနာပြည် (Lanna) နှင့် လင်ဇင်းပြည် (Lanxang) တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဘုရင့်နောင်၏ အာဏာစက် အထွဋ်အထိပ် ရောက်နေစဉ် ကာလက ပိုင်နက်ကို ပြသထားသည်။ လူမျိုးဘာသာ ယဉ်ကျေးမှုများ အများအပြား စုစည်းရာ ရခိုင်ပြည်သည်လည်း ထိုစဉ်က ထင်ရှားအားကောင်းသည့် သီးခြားအင်ပါယာ ဖြစ်ခဲ့သည်။ မြေပုံတွင် မပါသည့် အချက်မှာ အချို့သော ဒေသများမှာ ဗမာနန်းတွင်း၏ တိုက်ရိုက်အုပ်ချုပ်မှု လုံးဝမရှိ (သို့မဟုတ်) အနည်းအကျဥ်းသာ ရှိခဲ့ခြင်း ဖြစ်သည်။ ကချင်၊ ချင်း စသော ကုန်းမြင့်ဒေသများတွင် ကိုလိုနီခေတ် မတိုင်မီ အထိ ပြည်မ၏ အုပ်ချုပ်ရေးအာဏာ သက်ရောက်မှု မရှိခဲ့ပါ။

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်