အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၅၈၀ ပြည့်နှစ်တွင် ဘုရင့်နောင်သည် အာရကန်ပြည်ကို အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်လေသည်။
event_note ခေတ်ကာလများပြပုံ

၉ စက်တင်ဘာ ၁၅၈၀

၁၅၈၀ ပြည့်နှစ်တွင် ဘုရင့်နောင်သည် အာရကန်ပြည်ကို အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်လေသည်။

၁၅၈၀ ပြည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဘုရင့်နောင်သည် ရခိုင်ပြည်ကို အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်ခဲ့သည်။ ထီးနန်းအထွတ်အထိပ်ရောက်နေချိန်ဖြစ်၍ တောင်ငူဘုရင်သည် အနောက်အရပ်ရှိ မဏိပူရမှအစပြု၍ ရှမ်းပြည်နယ်များကို ဖြတ်ကျော်ကာ Lanxang (မြန်မာဘာသာဖြင့် လင်ဇင်း သို့မဟုတ် ဗီယက်ကျင်း) အထိ အာဏာဖြန့်ကျက်နိုင်ခဲ့သည်။ ရခိုင်ပြည်တစ်ခုသာ ကျန်ရှိနေခဲ့သည်။ မုတ္တမမင်းသား သီရိသုဓ္ဓမရာဇာ ခေါင်းဆောင်ကာ ခြေလျင်တပ်သားအယောက် ၂၄၀၀၀၊ မြင်းကောင်ရေ ၁၂၀၀၊ ဆင်ကောင်ရေ ၁၂၀ နှင့် (မော်တင်စွန်းမှထွက်ခွာလာသည့်) လှေအစီး ၁၃၀၀ တို့ ပါဝင်သည့် ကြည်းတပ်နှင့်ရေတပ်ပေါင်းစု စစ်အင်အား အလုံးအရင်းဖြင့် ရခိုင်ပြည်ကို တိုက်ခဲ့သည်။ မင်းဖလောင်းလက်ထက် ရခိုင်ပြည်သည်လည်း အင်အားကောင်းနေသောအချိန်ဖြစ်ရာ ယင်း၏အချုပ်အခြာအာဏာကို စစ်တကောင်းနှင့်တြိပူရအထိ ဖြန့်ကျက်ထားနိုင်ခဲ့သည်။ ကျူးကျော်ဝင်ရောက်လာသောတပ်များသည် သံတွဲကို အလွယ်တကူသိမ်းယူနိုင်ခဲ့သော်လည်း ၁၂ လအကြာ ဘုရင့်နောင်နတ်ရွာစံသည့်အခါ တပ်ဆုတ်၍ ပြန်ခဲ့လေသည်။ ထိုသို့ဖြင့် မြောက်ဦးသည် လွတ်လပ်သောထီးနန်းအဖြစ် နောက်ထပ်နှစ်ပေါင်းနှစ်ရာကျော်တိုင် ရပ်တည်ခဲ့လေသည်။ ဤသည်မှာ မြောက်ဦး၏ ခေတ်ပြိုင်ဒတ်ချ်သရုပ်ဖော်ပုံဖြစ်သည်။ မြောက်ဦးဘုရင်များနှင့် အရှေ့အိန္ဒိယဒတ်ချ်ကုမ္ပဏီ (Vereenigde Oost-Indische Compagnie) တို့အကြား ဆက်ဆံရေး အတော်ရင်းနှီးမှုရှိခဲ့ကြသည်။

အလယ်ခေတ်နှင့် ခေတ်သစ်ဦးကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွှယ်မှုများ (၉၀၀မှ ၁၈၂၄ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်