အမေ့ခံအတိတ်
အမေ့ခံအတိတ်
မွန်ထရီရယ်မြို့တွင် ကျင်းပသော ၁၉၆၇ ခုနှစ် နိုင်ငံတကာကုန်စည်ပြပွဲ (Expo '67)၊ မြန်မာနိုင်ငံ ပြခန်း၌ ဗိုလ်မှူးချုပ်ဦးတင်ဖေကို တွေ့ရစဉ်
event_note ခေတ်ကာလများပြပုံ

၂၇ ဧပြီ ၁၉၆၇ - ၂၉ အောက်တိုဘာ ၁၉၆၇

မွန်ထရီရယ်မြို့တွင် ကျင်းပသော ၁၉၆၇ ခုနှစ် နိုင်ငံတကာကုန်စည်ပြပွဲ (Expo '67)၊ မြန်မာနိုင်ငံ ပြခန်း၌ ဗိုလ်မှူးချုပ်ဦးတင်ဖေကို တွေ့ရစဉ်

room Canada

people Brigadier Tin Pe Yi Yi Chit Maung Mrs. Robert Shaw

Read in English

၂၀ ရာစုနှစ် အတွင်း ကမ္ဘာ့ကုန်စည်ပြပွဲများစွာ ပြုလုပ်ခဲ့ရာ ၁၉၆၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကုန်စည်ပြပွဲကြီး ("Expo '67") သည် အအောင်မြင်ဆုံး ပြပွဲကြီးများထဲမှ တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၆၂ နိုင်ငံ ပါဝင်ပြီး လူသန်းပေါင်း ၅၀ ကျော် တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ ပြခန်းတွင် တိုင်းပြည်၏ အဖိုးတန်ဆုံး ကျောက်မျက်ရတနာများ၊ တွင်းထွက်ပစ္စည်းများ၊ သစ်တောနှင့် စိုက်ပျိုးရေး ထုတ်ကုန်များကို ပွဲထုတ်ပြသခဲ့သည်။ မြန်မာ့ရိုးရာ ဂီတနှင့် ဖျော်ဖြေခဲ့ပြီး မြန်မာအစားအသောက်နှင့် ဆေးပေါ့လိပ်များကို ရောင်းချခဲ့သည်။ 

ဤသည်မှာ တော်လှန်ရေးကောင်စီ၏ "မြန််မာ့ဆိုရှယ်လစ်လမ်းစဉ်" အရှိန်ကောင်းနေသည့် ကာလက ဖြစ်သည်။ တိုင်းပြည်စီးပွားရေးမှာ တစ်ဟုန်ထိုး ကျဆင်းနေပြီး တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်တော့မည့်ဆဲဆဲ အချိန် ဖြစ်သည်။ ဗိုလ်မှူးချုပ်တင်ဖေသည် ထိုစဉ်က ကုန်သွယ်ရေးဝန်ကြီး ဖြစ်သည်။ တော်လှန်ရေးကောင်စီ အဖွဲ့ဝင်များ အနောက်နိုင်ငံများသို့ အလည်အပတ် အသွားနည်းလှသည့် အချိန်တွင် ဦးတင်ဖေ၏ မွန်ထရီရယ်လ် (Montreal) ခရီးစဉ်မှာ ရှားပါးခရီးစဥ် ဖြစ်ခဲ့သည်။(ဗိုလ်ချုပ်ကြီးနေဝင်းကမူ အင်္ဂလန်နိုင်ငံ (United Kingdom) သို့ မကြာခဏ ခရီးထွက်လေ့ ရှိပြီး များသောအားဖြင့် ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် ဖြစ်သည်။) 

ဓာတ်ပုံ၏ ယာဘက်တွင် ရှိနေသူမှာ ဗိုလ်မှူးချုပ်တင်ဖေ ဖြစ်ပြီး ထိုကမ္ဘာ့ကုန်စည်ပြပွဲကြီးကို ဦးစီးဦးဆောင်ပြု ကျင်းပသည့် မစ္စစ်ရောဘတ်ရှော (Mrs Robert Shaw) နှင့် အတူ တွေ့ရသည်။ လက်ဝဲအစွန်တွင် မွန်ထရီရယ်မြို့ (Montreal) ရှိ မက်ဂီးတက္ကသိုလ် (McGill University) မှ ပါရဂူဘွဲ့ ကျောင်းသူ မရီရီချစ်မောင်ကို တွေ့ရပြီး သူမ၏ စာတမ်းမှာ "မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမှ ပို့ကုန်သီးနှံများကို ဈေးကွက်မြှင့်တင်ခြင်း" ဖြစ်သည်။

မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉၆၀ ပြည့်နှစ်များမှ ယနေ့ထိ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်