အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၃၁ ခုနှစ် ဝန်းကျင်က ဗြိတိသျှအိန္ဒိယ စစ်ဌာနချုပ်များ
၁၉၃၉ ခုနစ်ဝန်းကျင်က ရန်ကုန်မြို့၊ ကန်တိုမင်တွင် တွေ့ရသော ရန်ကုန်တပ်ရင်း။
၁၉၃၉ ခုနစ်ဝန်းကျင်က ရန်ကုန်မြို့၊ ကန်တိုမင်တွင် တွေ့ရသော ရန်ကုန်တပ်ရင်း။

၁၉၃၉ ခုနစ်က မေမြို့တွင် တွေ့ရသော ဗမာ့ရိုင်ဖယ်တပ်ရင်း။
၁၉၃၉ ခုနစ်က မေမြို့တွင် တွေ့ရသော ဗမာ့ရိုင်ဖယ်တပ်ရင်း။

1880 - ၁၉၃၇

၁၉၃၁ ခုနှစ် ဝန်းကျင်က ဗြိတိသျှအိန္ဒိယ စစ်ဌာနချုပ်များ

Read in English

၁၈၈၀ ပြည့်နှစ် နှောင်းပိုင်းကာလတွင် ဗြိတိသျှ အိန္ဒိယ အင်ပါယာကြီးသည် နောက်ဆုံး မြန်မာဘုရင် သီပေါမင်း အုပ်စိုးသော နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည်။ ကချင်နှင့် ဝတောင်တန်းများကဲ့သို့ နယ်မြေနီးစပ်ရှိ ကုန်းမြင့်ဒေသများကိုမူ ၁၉၀၀ ပြည့်နှစ်များ၊ ၁၉၃၀ ပြည့်နှစ်များမှ တဖြည်းဖြည်း သိမ်းပိုက်ခဲ့သည်။ ရခိုင်ပြည်နှင့် အောက်မြန်မာပြည်ကို ပေါင်းကာ “ဗြိတိသျှဘားမား” ဟု ခေါ်ဝေါ်ခဲ့သည်။ ၁၉၃၇ ခုနှစ်၊ ဧပြီလ အထိ ဗြိတိသျှမြန်မာပြည်သည် ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံ ပြည်နယ် တစ်ခု အဖြစ် ရှိနေခဲ့ပြီး အုပ်ချုပ်သည့် ဘုရင်ခံက ကာလကတ္တားမြို့ (Calcutta) တွင် ရုံးစိုက်သည့် ဘုရင်ခံချုပ်ထံ အစီရင်ခံရသည်။

ဗြိတိသျှအိန္ဒိယ အင်ပါယာကြီးကို စစ်အုပ်ချုပ်ရေးဖြင့် စီမံအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှအိန္ဒိယ စစ်တပ်သည် အနောက်မြောက်ဘက်ရှိ အာဖဂန်နစ္စတန် (Afghanistan) နယ်စပ်မှ အရှေ့တောင်ဘက်ရှိ ဝိတိုရိယအငူ (ကော့သောင်း) အထိ တိုက်ကြီးတစ်ခုလုံး နီးနီးကို ထိန်းချုပ်ထားသည်။ "စစ်ရေးကျွမ်းကျင်သည့် လူမျိုးများ"ဟု ဗြိတိသျှတို့က ယူဆသည့် ဆစ်ခ်လူမျိုး (Sikh)၊ ဂေါ်ရခါးလူမျိုး (Gurkha)၊ ပန်ချာပီ မူဆလင်လူမျိုး (Punjabi Muslims)၊ ပထန်လူမျိုး (Pathan) နှင့် အခြား လူမျိုးများစွာ စုပေါင်းပါဝင်သည့် လူမျိုးစုံ တပ်ကြီး ဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင် စစ်တပ်အင်အား ၁၈၀,၀၀၀ ခန့်ပင် ရှိနေခဲ့သည်။ ထိုမှစ၍ ဗြိတိသျှလူမျိုးများ အပြင် အင်္ဂလန်ပြည်ရှိ ဆန်းဟာ့စ် (Sandhurst) နှင့် ဒေလီမြို့ (Delhi) အနီးရှိ ဒယ်ရာဒွန်း (Dehra Doon) တို့တွင် စစ်သင်တန်း တက်ခဲ့သည့် အိန္ဒိယလူမျိုးများကို အရာရှိရာထူးတွင် တိုးချဲ့ခန့်အပ်ခဲ့သည်။ အိန္ဒိယပြည်တွင် ဗြိတိသျှ စစ်တပ်၏ တပ်ရင်းများလည်း စခန်းချနေခဲ့သော်လည်း ၎င်းတို့သည်လည်း ဗြိတိသျှအိန္ဒိယ စစ်တပ်၏ စစ်သေနာပတိချုပ်၏ လက်အောက်တွင်ပင် ရှိနေခဲ့ကြသည်။

မြန်မာပြည်ကို လွတ်လပ်သော ပြည်နယ် အဖြစ် ဗိုလ်ချုပ်ကြီး အဆင့်က အုပ်ချုပ်ပြီး စစ်သေနာပတိချုပ်ထံ အစီရင်ခံရသည်။ ၁၉၂၀ ပြည့်နှစ်များနှင့် ၁၉၃၀ ပြည့်နှစ် အစောပိုင်းတွင် မြန်မာပြည်တွင် ပုံမှန်အားဖြင့် ဗြိတိသျှတပ်ရင်း နှစ်ခု အခြေစိုက်ကာ အိန္ဒိယတပ်ရင်း တစ်ခု သို့မဟုတ် ထိုထက်ပိုကာ အားဖြည့်ကြသည်။ တပ်ရင်းတစ်ခုမှာ မင်္ဂလာဒုံတွင် စခန်းချပြီး အခြားတပ်ရင်းမှာ မေမြို့ရှိ ဒိစတြိတ်ရုံးချုပ်တွင် စခန်းချသည်။ ၁၉၃၇ ခုနှစ်တွင် အိန္ဒိယပြည်မှ ခွဲထွက်ပြီးနောက် ဗမာ့တပ်မတော်သစ်ကို ဗမာ့ရိုင်ဖယ်တပ်ရင်းများနှင့် ဖွဲ့စည်းခဲ့သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်