အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲ
ရှမ်းကိုယ်စားလှယ် ဖြစ်သော သီပေါစော်ဘွားနှင့် မဟာဒေဝီ ကို စိန့်ဂျိမ်းမ်စ် နန်းတော်ရှေ့တွင် တွေ့ရပုံ
ရှမ်းကိုယ်စားလှယ် ဖြစ်သော သီပေါစော်ဘွားနှင့် မဟာဒေဝီ ကို စိန့်ဂျိမ်းမ်စ် နန်းတော်ရှေ့တွင် တွေ့ရပုံ

event_note ခေတ်ကာလများပြပုံ

နိုဝင်ဘာ ၁၉၃၁ - ၁၃ ဇန်နဝါရီ ၁၉၃၂

မြန်မာပြည်ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲ

room United Kingdom

Read in English

၁၉၃၁ ခုနှစ် ၊ နိုဝင်ဘာလတွင် မြန်မာပြည် ၏ အနာဂတ် ဖွဲ့စည်းအုပ်ချုပ်ပုံအတွက် သမိုင်းဝင် ဆွေးနွေးပွဲကို တက်ရောက်မည့် မြန်မာကိုယ်စားလှယ်များသည် လန်ဒန်မြို့ (London) သို့ တဖွဲဖွဲ ရောက်လာခဲ့ကြသည်။ ထိုကိုယ်စားလှယ်များထဲတွင် ဦးချစ်လှိုင်၊ မစ္စမေအောင် (ဒေါ်မြစိန်)၊ သာယာဝတီ ဦးပု၊ ဦးဘဖေ၊ ညောင်ရွှေစော်ဘွား၊ ဦးမောင်ကြီး နှင့် စောဆစ်ဒနီလူးနီတို့ ပါဝင်သည်။

၁၉၃၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မြန်မာကိုယ်စားလှယ်များသည် မြန်မာပြည်အရေး စားပွဲဝိုင်းဆွေးနွေးပွဲ ပြုလုပ်မည့် စိန့်ဂျိန်းစ်နန်းတော် (St. James's Palace)ကို ရောက်ရှိလာကြသည်။ ဆွေးနွေးပွဲကို ဝေလမင်းသားက ဖွင့်လှစ်ပေးသည်။ ထိုဆွေးနွေးပွဲမှာပင် မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်မည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့သည်။ ၂၀ ရာစု အတွင်း မြန်မာပြည် အတွက် အရေးအပါဆုံး ဆုံးဖြတ်ချက်ဟု သတ်မှတ်နိုင်ပါသည်။

၁၉၃၂ ခုနှစ်က ရိုက်ကူးခဲ့သော ပထမပုံတွင် လန်ဒန်မြို့ (London) ရှိ စိန့်ဂျိန်းစ်နန်းတော် (St. James's Palace) တွင် ပြုလုပ်ခဲ့သော မြန်မာပြည်ဆိုင်ရာ စားပွဲ၊ ပထမပိုင်း ပြုလုပ်နေပုံ ဖြစ်သည်။ နောက်နံရံတွင် ရောင်စုံ မြန်မာပြည် မြေပုံကို ချိတ်ဆွဲထားသည်ကို မြင်တွေ့နိုင်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်