အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း

event_note ခေတ်ကာလများပြပုံ

၁၉၅၄

မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း

Read in English

ဓါတ်ပုံသည် ၁၉၅၄ ခုနှစ်က ရိုက်ကူးခဲ့သည့် ထိုခေတ်အခါက စာပေလောက၏ ဦးသျှောင် စာရေးဆရာများဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်း၏ အမှုဆောင်ကောင်စီ ဖြစ်သည်။ မတ်တပ်ရပ်နေသူများမှာ (ဝဲမှ ယာသို့) ဦးစံထွား၊ ဦးဘ၊ ဦးခင်ဇော်၊ ဦးမျိုးမင်း၊ ဦးသိန်းဟန်၊ ဦးကောင်း၊ ဦးဝန်နှင့် ဦးသန့်တို့ ဖြစ်ကြပြီး ထိုင်နေသူများမှာ (ဝဲမှ ယာသို့) ဦးထင်အောင်၊ ပညာရေးဝန်ကြီး ဦးသန်းအောင်၊ အငြိမ်းစား တရားလွှတ်တော်ချုပ်၏ တရားသူကြီးချုပ် ဆာမြဘူး၊ ဝန်ကြီးချုပ် ဦးနု၊ ဘဏ္ဍာရေးဝန်ကြီး ဦးတင်၊ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးဧမောင်နှင့် ဦးချိုတို့ ဖြစ်ကြသည်။ 

တစ်ပိုင်းတစ်စ တရားဝင် အဖွဲ့အစည်း ဖြစ်သော ဤအသင်းကြီး၏ ရည်ရွယ်ချက်မှာ ပြင်ပဗဟုသုတများကို မြန်မာလူမျိုးများ လက်လှမ်းမီစေရန် ဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် အသင်းကြီးသည် ဦးနု စတင်ခဲ့သည့် မြန်မာ့စွယ်စုံကျမ်း ပထမတွဲကို ထုတ်ဝေနိုင်ခဲ့သည်။ (ပုံတွင် စာအုပ်ကြော်ငြာကို တွေ့နိုင်ပါသည်။) ဦးနုသည် တိုင်းပြည်တွင် အတွေးအခေါ် ညံ့ဖျင်းသော ဦးသုညများ တိုးပွားလာနေသည်၊ ထိုပြဿနာကို ဖြေရှင်းရန် ဗဟုသုတနှင့် ပညာရပ်များကို ဖြန့်ဝေပေးမှသာ စစ်မှန်သော တိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်ခဲ့သည်။ ထိုစာအုပ် ပထမတွဲကို မြန်မာနိုင်ငံတွင် ရေးသားပြုစု၍ အင်္ဂလန်နိုင်ငံ (United Kingdom) တွင် ပုံနှိပ်ပြီး သယ်ဆောင်လာသည့် သင်္ဘောသည် ဘရွတ်ကင်းလမ်း (ယနေ့ ဘိုကလေးဈေးလမ်း) ဆိပ်ကမ်းသို့ ဆိုက်ရောက်သောအခါ ဦးနုနှင့် အစိုးရ အဖွဲ့ဝင်များက သွားရောက် ကြိုဆိုခဲ့ကြသည်။ နောက်ထပ် စွယ်စုံကျမ်း လေးတွဲကို အင်္ဂလန်နိုင်ငံ၊ ဘက်ကင်ဟန်ရှိုင်းယား (Buckinghamshire) တွင် ပုံနှိပ်ခဲ့ပြီး နောက်ဆုံး ဆဌမတွဲကို ၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံတွင် ပုံနှိပ်ခဲ့သည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်