အမေ့ခံအတိတ်
အမေ့ခံအတိတ်

ပြည်တွင်းပြည်ပ ၁၉ ၅၀ ပြည့်နှစ်များ


ဂန္တဝင် ဂျက်ဇ်ဂီတပညာရှင် ကော့င်ထ်ဘက်ဆီ မြန်မာနိုင်ငံသို့ လာရောက်စဉ်

အမေရိကန် ဂန္တဝင် ဂျက်ဇ်ဂီတပညာရှင် ကော့င်ထ်ဘက်ဆီ (Count Bassie) ၊ ရုပ်ရှင်မင်းသား ဝင်းဦးနှင့် အခြားသူများ ရန်ကုန်တွင် တွေ့ဆုံနေကြစဉ် ဖြစ်သည်။


၁၉ ၅၂ ခုနှစ်ဝန်းကျင် ကလောဘူတာရုံ (ဓာတ်ပုံမူပိုင် - ဘာတွန်မိသားစု)


၁၉ ၅၂ ခုနှစ် ဝန်းကျင် ခြောက်ထပ်ကြီးဘုရားအနီး ဂွတ်တလစ်လမ်းကို မြင်တွေ့ရစဉ် (ဓာတ်ပုံမူပိုင် - ဘာတွန်မိသားစု)

၁၈၈၇ - ၁၉၆၃
၁၉ ၅၆ ခုနှစ် ဇန်နဝါရီလ၊ သမ္မတ ဦးဘဦး သူ၏ စီးရီး ၆၂ ကက်ဒိလက်ခ် မိုးပွင့်ကားပေါ်မှ နေ၍ လက်ပြနှုတ်ဆက်နေစဉ်။ ရန်ကုန်မြို့ ဒလဟိုစီလမ်းပေါ်တွင် ဖြစ်သည်။

ဦးဘဦးကို ၁၈၈၇ ခုနှစ် ပုသိမ်မြို့တွင် ဖွားမြင်သည်။ (ရန်ကုန်) အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ယူပြီး ကမ်းဘရစ်ချ်တက္ကသိုလ်၊ ထရစ်နတီဟောလ် ကောလိပ်မှ ဘွဲ့ရသည်။ ရှေ့နေတစ်ဦး၊ တရားသူကြီးတစ်ဦး ဖြစ်ခဲ့သည်။ ၁၉ ၄၈ ခုနှစ် လွတ်လပ်ရေးရသည့်အခါ တရားရုံးချုပ် တရားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ (၁၉ ၅၂ မှ ၁၉ ၅၇ ခုနှစ်အထိ သမ္မတ အဖြစ် တာဝန်ယူခဲ့သည်။ ၁၉ ၆၃ ခုနှစ်တွင် ကွယ်လွန်သည်။

၂၂ ဇန်နဝါရီ ၁၉၀၉
ဦးသန့်၏ မွေးနေ့

၁၉၀၉ ခုနှစ် ဇန်နဝါရီ လ ၂၂ ရက်နေ့သည် ဦးသန့်၏ မွေးနေ့ ဖြစ်ပါသည်။ ဝဲဘက်ဓာတ်ပုံမှာ ၁၉၂၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝက ဦးသန့်၏ပုံ ဖြစ်သည်။ ဒုတိယပုံမှာ ၁၉၇၀ ခုနှစ်တွင် ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူး အဖြစ် ရိုက်ကူးထားခြင်း ဖြစ်ပါသည်။

၂၀ ဇန်နဝါရီ ၁၉၁၀
မြန်မာပြည်၏ ထင်ရှားသောအရပ်ဘက်ဝန်ထမ်း ဦးညွန့်၏ မွေးနေ့

မြန်မာပြည်၏ ထင်ရှားသော အရပ်ဘက်ဝန်ထမ်းများစွာထဲမှ တစ်ဦးဖြစ်သူ ဦးညွန့်ကို ၁၉၁၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်၊ အောက်စ်ဖို့ဒ် တက္ကသိုလ် နှင့် လန်ဒန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ဦးညွန်သည် အိန္ဒိယပဋိညာဉ်ခံဝန်ထမ်းအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လွတ်လပ်သော မြန်မာပြည်အစိုးရတွင် အကြီးတန်းအရပ်ဘက်ဝန်ထမ်းတဦး အဖြစ် တာဝန်ထမ်းခဲ့သည်မှာ ကုလသမဂ္ဂသို့ ၁၉၅၃ ခုနှစ်တွင် သွားရောက် တာဝန်မထမ်းဆောင်ရခင် အထိပင်ဖြစ်သည်။ ၁၉၅၉ ခုနှစ်မှ ၁၉၇၃ ခုနှစ်အတွင်း ဦးညွန့်သည် ကုလသမဂ္ဂ ၏ အာရှနှင့် အရှေ့ဘက်ဒေသများဆိုင်ရာ...

မတ် ၁၉၄၃
၁၉၄၃ ခုနှစ်မတ်လ: ဂျပန်မဂ္ဂဇင်း ရှာရှင်ရှုဟို (Shashin Shuho) မျက်နှာဖုံးတွင် ဒေါက်တာဘမော်နှင့် လုပ်ဖော်ကိုင်ဖက်များ တိုကျိုမြို့ ဟာနဲဒါလေဆိပသို့ ဆိုက်ရောက်

၁၉၄၃ ခုနှစ်မတ်လ: ဂျပန်မဂ္ဂဇင်း ရှာရှင်ရှုဟို (Shashin Shuho) မျက်နှာဖုံးတွင် ဒေါက်တာဘမော်နှင့် လုပ်ဖော်ကိုင်ဖက်များ တိုကျိုမြို့ ဟာနဲဒါလေဆိပသို့ ဆိုက်ရောက်လာသည့်ပုံကို ဖော်ပြထားသည်။ နောက်ငါးလအကြာတွင် ဒေါက်တာဘမော်သည် မြန်မာပြည်၏ အဓိပတိ ဖြစ်လာခဲ့သည်။ ပုံ၏နောက်တွင် ဒိုင်နိပွန်ကိုကု (Dai Nippon Koku) ခေါ် ဂျပန်တော်ဝင်လေကြောင်းလိုင်းပိုင် ဟုယူဆရသော စစ်တပ်သုံး မီဆူဘီရှိ ကေအိုင်-၅၇ (Mitsubishi KI-57) သယ်ယူပို့ဆောင်ရေး လေယာဉ်ကို တွေ့ရသည်။

၁၇ မေ ၁၉၄၅
ဗြိတိသျှအစိုးရ ထုတ်ပြန်သည့် မြန်မာပြည်ဆိုင်ရာ စက္ကူဖြူစာတမ်း

၁၉၄၅ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ဗြိတိသျှအစိုးရသည် မြန်မာပြည်၏ အနာဂတ်နှင့် ပတ်သက်၍ “စက္ကူဖြူစာတမ်း” (“White Paper”)ကို တရားဝင်ထုတ်ပြန်လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်မှု အောက်ရှိ ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ (နောက်ပိုင်းတွင် ဖဆပလဖြစ်လာ) သည် စက္ကူဖြူစာတမ်းပါ စီမံကိန်းကို ကန့်ကွက်သည်။ နောက်ဆက်တွဲအဖြစ် မြန်မာပြည်သို့ ပြန်ရောက်လာသော ဗြိတိသျှအာဏာပိုင်များ လိပ်ခဲတည်းလည်း အခြေအနေနှင့် ရင်ဆိုင်ရသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် လန်ဒန်၌ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရသည်အထိ ဖြစ်လာသည်။ နောက်ဆုံးမှာမူ...

ဇူလိုင် ၁၉၄၅
လေဘာပါတီနှင့် မြန်မာပြည်

၁၉၄၅ ခုနှစ် ဇူလိုင်လတွင် လေဘာပါတီက ကွန်ဆာဗေးတစ် ပါတီကို အပြတ်အသတ် အနိုင်ရပြီး ဆာ ဝင်စတန်ချာချီ (Sir Winston Churchill) နေရာကို အစားထိုးကာ ကလီမန့်အက်တလီ (Clement Attlee) ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ လေဘာပါတီ၏ အနိုင်ရမှုက မြန်မာ့သမိုင်းလမ်းကြောင်းကို ပြောင်းလဲသွားစေခဲ့ကြောင်း သံသယပွားဖွယ်မရှိပါ။ ကလီမန့်အက်တလီသည် ကိုလိုနီစနစ်ကို စွန့်လွှတ်မည် ဟူသော ကတိဖြင့် တက်လာသူဖြစ်သည်။ တစ်နှစ်အတွင်းပင် မူဝါဒ အဟောင်းများကို ပြောင်းလဲပစ်ပြီး မြန်မာပြည်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်လမ်းကြောင်းပေါ်သို့ ကလီမန် တူရူ ပြုလာခဲ့သည်။ ၁၉၄၉...

၁၉၄၆
၁၉၄၆ခုနှစ်က အနာဂတ်

ပုံအောက်တွင် “ရန်ကုန်တစ်လွှား ပျံသန်းမည့် ခေတ်ရှေ့ပြေး ရေယာဉ်ပျံ”ဟု ရေးသားထားသည်။ ဖော်ပြပုံသည် ဆောင်းဒါရိုးကုမ္ပဏီမှ အသစ်ထုတ်လုပ်လိုက်သော “မင်းသမီး” ရေယာဉ်ပျံကြေညာဖြစ်ပြီး ၁၉ ၅၁ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့သည်။ “မင်းသမီး” ရေယာဉ်ပျံသည် ကမ္ဘာပေါ်တွင် သတ္ထုချည်းသက်သက်ဖြင့် တည်ဆောက်ထားသည့် အကြီးဆုံးရေယာဉ်ပျံဖြစ်သည်။ “မင်းသမီး” ရေယာဉ်ပျံ ရန်ကုန်သို့ ပျံသန်းလာ ဖြစ်၊မဖြစ်ကိုတော့ အသေအချာ မသိပါ။ အခြားရေယာဉ်ပျံများမှာမူ ကမ်းနားလမ်းရှေ့ဘက်တွင် ဆင်းသက်လေ့ရှိခဲ့သည်။

၁၉၅၁
အိန္ဒိယနှင့် မြန်မာခေါင်းဆောင်များ

ဖော်ပြပါပုံနှစ်ပုံမှာ ၁၉၅၁ ခုနှစ်က ရိုက်ကူးခဲ့သည့် အိန္ဒိယနှင့် မြန်မာ ခေါင်းဆောင်ကြီးများ၏ ဓာတ်ပုံများ ဖြစ်သည်။ ပထမပုံမှာ ပလန်လေဆိပ် (Palam Airport၊ ယနေ့တွင် အင်ဒီရာဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်)တွင် ဦးနုအား ပန်ဒစ်နေရူး (Pandit Nehru) လာရောက်နှုတ်ဆက်သည့်ပုံ ဖြစ်သည်။ ဒုတိယပုံမှာ ထိုခရီးစဉ်အတွင်းပင် ဦးနု၊ ပန်ဒစ်နေရူးတို့ သမ္မတ ရာဂျန်ဒရာပရာဆတ် (Rajendra Prasad၊ အိန္ဒိယနိုင်ငံ ပထမဆုံး သမ္မတ)နှင့် တွေ့ဆုံနေပုံ ဖြစ်သည်။ ဦးနုသည် ထိုစဉ်က အသက် ၄၅ နှစ်...

၁၉၅၁
၁၉ ၅၁ ခုနှစ်က ကန့်ဒ် မင်းသမီး အလက်ဇန္ဒရား ရန်ကုန်သို့ လာရောက်လည်ပတ်စဉ်က

အဲလီဇဘက်ဘုရင်မကြီး၏ ဝမ်းကွဲညီမဖြစ်သည်။

၁၉၅၂
စိတ်ဝင်စားဖွယ် ရှုကွက် တခု- ၁၉၅၂ ခုနှစ် စစ်အေးကာလမြေပုံ တခုတွင်ပါရှိသော မြန်မာပြည်ပြေပုံ။

စိတ်ဝင်စားဖွယ် ရှုကွက် တခု- ၁၉၅၂ ခုနှစ် စစ်အေးကာလမြေပုံ တခုတွင်ပါရှိသော မြန်မာပြည်ပြေပုံ။ ၁၉၅၂ ခုနှစ် တိုင်းမ်မဂ္ဂဇင်းတွင် ပထမဆုံးပုံနှိပ်ခဲ့သည်။ မြေပုံ၏ ရည်ရွယ်ချက်မှာ အာရှတိုက်တွင် ကွန်မြူနစ်လွှမ်းမိုးတန်စွမ်း ကို ပြသလိုရင်းဖြစ်သည်။ မြန်မာပြည်၏ ပုံမှန်မြေပုံအနေအထားကို ပြလိုခြင်း ထက် တရုတ်၏ ဘင်္ဂလားပင်လယ်အော်ဘက်သို့ထွက်ရပ်ပေါင်းကူးတံတားသဖွယ်ဖြစ်နေသည့်အနေအထားကို အမြင်သာဆုံးဖြစ်အောင် ဖော်ပြလိုခြင်းလည်း ဖြစ်နိုင်ပါသည်။

၁၉၅၃ - ၁၉၈၅
ရစ်ချတ်နစ်က်ဆင်၏ မြန်မာပြည် ခရီးစဉ်များ

၁၉၅၃ ခုနှစ်က အမေရိကန် ပြည်ထောင်စု ဒုတိယသမ္မတ ရစ်ချတ်နစ်က်ဆင် (Richard Nixon) သည် မြန်မာပြည်ကို အလည်အပတ် လာရောက်ခဲ့သည်။ ထိုစဉ်က ယူအက်စ်ရှိ သတင်းစာများ အားလုံးလိုလိုပင် ဒုတိယသမ္မတနစ်က်ဆင် ပဲခူးတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော လက်ဝဲဝါဒီများနှင့် အမေရိကန်ဆန့်ကျင်ဆန္ဒပြသူများ အကြောင်းကို ဖော်ပြခဲ့ကြသည်။ (ထိုနေ့သည် ကျေးဇူးတော် ချီးမွမ်းသည့်နေ့ဖြစ်ပြီး မြန်မာပြည်မှ တာဝန်ရှိသူများက ကြက်ဆင်သား ပါဝင်သည့်နေ့လည်စာကို အလျင်အမြန် စီစဉ်ပေးခဲ့ကြသည်။) နစ်က်ဆင် ရွှေတိဂုံဘုရားသို့သွားရောက်လည်ပတ်ခဲ့ကြောင်းကိုမူ သတင်းစာအနည်းငယ်ကသာ ဖော်ပြခဲ့ကြသည်။ ရစ်ချတ်နှင့် ပတ်နစ်က်ဆင် (Pat Nixon)...

၁၇ ဧပြီ ၁၉၅၃
ဦးမြင့်သိန်း ကမ္ဘာ့ကုလသမ္မဂတွင် ကူမင်တန် ကျူးကျော်မှု အကြောင်း တင်ပြစဉ်

၁၉၅၃ ခုနစ် ဧပြီလ ၁၇ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၌ တရားသူကြီး ဦးမြင့်သိန်းသည် တရုတ်ကူမင်တန်တပ်များ ကျူးကျော်မှုကို မြန်မာအစိုးရက တုံု့ပြန်ခဲ့ပုံများကို တင်ပြခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ကူမင်တန် ဗိုလ်ချုပ်မှူးကြီး လိမိ (Li Mi) ဦးဆောင်သည့် တပ်သားအယောက် တစ်သောင်းထက်မက ပါဝင်သော အမျိုးသားရေးစစ်သားများသည် မြန်မာပြည်တွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ၁၉၅၃ ခုနှစ် ရောက်သောအခါ အမေရိကန်၏ ထောက်လှမ်းရေးအကူအညီ (စက္ကူ စစ်ဆင်ရေး Operation Paper) ဖြင့် အနောက်ဘက်သို့ ချီတက်လာပြီး သံလွင်မြစ်ကို ဖြတ်ကျော်ကာ...

မတ် ၁၉၅၃
မြန်မာနိုင်ငံ၏ တိုင်းတစ်ပါးသား အကြံပေးများ

တိုင်းတစ်ပါးမှ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပေးများနှင့် အထောက်အပံ့ အရာရှိများသည် မြန်မာနိုင်ငံအတွက် အထူးအဆန်းမဟုတ်ပေ။ ဤသည်မှာ ၁၉၅၃ ခုနှစ် မတ်လက ဦးနုနှင့် (ဝဲဘက်အစွန်ရှိ) အကြံပေးအရာရှိချုပ် လူးဝစ်ဝေါလင်စကီ (Louis Wallinsky) နှင့် အတိုင်ပင်ခံ ရောဘတ်နေသန် (Robert Nathan - အလယ်ရှိ မြန်မာဝတ်စုံုဖြင့် ပုဂ္ဂိုလ်) တို့ကို အတူ တွေ့ရသည့်ဓာတ်ပုံ ဖြစ်သည်။ ယာဘက် အစွန်ဆုံးမှ ပုဂ္ဂိုလ်သည် အိုင်စီအက်စ် ဦးလှမောင် ဖြစ်သည်။ မြန်မာအရာရှိနှင့် စီးပွားရေးသမားများစွာတို့၏ ကြိုးပမ်းအားထုတ်မှုများ၊ သင့်တင့်မျှတသော...

၁၉၅၃
နိုင်ငံခေါင်းဆောင်အဆင့် အလည်အပတ်ခရီးစဉ် နောက်တစ်ခု

ရန်ကုန်မြို့ အစိုးရအိမ်တော်တွင် ဒုသမ္မတ ရက်ချ်နစ်ဆင်အား မစ္စအိုင်ရင်းဘဦး၊ သမ္မတ ဒေါက်တာဘဦး၊ မစ္စစ်နစ်ဆင်တို့နှင့်အတူ တွေရစဉ်။

၁၉၅၃
၁၉ ၅၃ ခုနှစ် ရန်ကုန်

မတ် ၁၉၅၃ - ၁၉၅၇
၁၉၅၃-၅၇ ခုနှစ်က သန်းခေါင်စာရင်း

မြန်မာအစိုးရသည် ၁၉၅၃ ခုနှစ်မှ ၁၉၅၇ ခုနှစ်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ သန်းခေါင်စာရင်းဆိုင်ရာ ကော်မရှင်နာမင်ကြီးမှာ အိုင်စီအက်စ် ဦးကျော်ခိုင် ဖြစ်သည်။ ယင်းအား (US AIDမှ ငွေကြေးထောက်ပံ့ထားသည့်) ကုလသမဂ္ဂ သန်းခေါင်စာရင်းဆိုင်ရာ အကြံပေးအရာရှိ မစ်လ်တန် လီဘာမန် (Milton Lieberman)က ကူညီခဲ့သည်။ ဖော်ပြပါ ၁၉၅၃ ခုနှစ်က ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် ပထမဆုံး စစ်တမ်းမေးခွန်းကို သမ္မတအိမ်တော်၌ သမ္မတဦးဘဦးအား မေးမြန်းနေပုံ ဖြစ်ပါသည်။

၁၉၅၃
၁၉ ၅၃ ခုနှစ်က ရန်ကုန်မြို့ထဲ