အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဂျာမနီအင်ပါယာကို ကန့်ကွက်သည့် ဆန္ဒပြပွဲ
event_note ခေတ်ကာလများပြပုံ

၁၉၁၈

ဂျာမနီအင်ပါယာကို ကန့်ကွက်သည့် ဆန္ဒပြပွဲ

room Germany

Read in English

၁၉၁၈ ခုနှစ်က ဂျာမန်ပြည်ကို ဆန့်ကျင်ဆန္ဒပြပွဲ တစ်ခုကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။ ဆူးလေဘုရားလမ်းရှိ ဗဟိုမီးသတ်ဦးစီးဌာန ရှေ့တွင် ကိုင်ဇာဝီလ်ဟန် (Kaiser Wilhelm) ၏ ရုပ်တုကို မီးသတ်မျှော်စင်ပေါ်မှ တွဲလောင်းဆွဲကာ (ပုံတွင် ပင်လယ်ဓါးပြအလံ၏ အောက်တွင် မြင်ရသည်။) ဆန္ဒပြနေခြင်း ဖြစ်သည်။ ထိုနှစ်၏ နိုဝင်ဘာလတွင် ကိုင်ဇာဝီလ်ဟန် နန်းမစွန့်မီ လအနည်းငယ်က ဖြစ်ဟန်ရှိသည်။ ပထမကမ္ဘာစစ်ကြီး အတွင်း မက်ဆိုပိုတေးမီးယားဒေသ၊ ပါလက်စ်တိုင်းနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့တွင် တာဝန်ထမ်းခဲ့သည့် စစ်တပ်များထဲတွင် ဘားမားရိုင်ဖယ် တပ်မဟာ၊ တော်ဝင်အင်ဂျင်နီယာတပ်ခွဲများ၊ စက်ယန္တရားဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေးတပ်ခွဲများနှင့် မြန်မာပြည်မှ အလုပ်သမား တပ်မကြီးတို့ ပါဝင်ခဲ့သည်။ မြန်မာပြည်မှ စုဆောင်းရရှိသည့် စစ်အင်အားတွင် ဗမာ၊ ကချင်၊ ကရင်နှင့် ချင်းလူမျိုးတို့ အဓိက ပါဝင်ခဲ့သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်