အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၄၃ ခုနှစ် ဒေါက်တာဘမော် ဂျပန်သို့ ရောက်ရှိစဉ်

event_note ခေတ်ကာလများပြပုံ

မတ် ၁၉၄၃

၁၉၄၃ ခုနှစ် ဒေါက်တာဘမော် ဂျပန်သို့ ရောက်ရှိစဉ်

room Japan

people General Aung San Dr Ba Maw U Thein Maung Thakin May

Read in English

၁၉၄၃ ခုနှစ် မတ်လက ဒေါက်တာဘမော်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဟီဒဲခိ တိုဂျို (Hideki Tojo) အပါအဝင် အခြားသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် (သခင်မေ၊ ဦးသိန်းမောင်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ) ဂျပန်နိုင်ငံ (Japan) သို့ ဆိုက်ရောက်လာခဲ့သည်။ နောင်ငါးလ အကြာတွင် ဒေါက်တာဘမော်သည် ဝင်ရိုးတန်းနိုင်ငံ အင်အားစု (Axis Powers) ၏ မဟာမိတ် ဖြစ်လာသော မြန်မာနိုင်ငံ၏ နိုင်ငံတော် အဓိပတိ ဖြစ်လာလေသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် တိုကျိုမြို့ (Tokyo) ရှိ ဟာနဲဒါ လေဆိပ် (Haneda airport) သို့ ဆိုက်ရောက်လာပုံကို ဂျပန်နိုင်ငံထုတ် ရှာရှင်ရှူဟို (Shashin Shuho) မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။ မျက်နှာဖုံးဓါတ်ပုံ၏ နောက်ခံတွင် မစ်ဆူဘီရှီ ကေအိုင်-၅၇ သယ်ယူပို့ဆောင်ရေး လေယာဥ်ကို တွေ့မြင်နိုင်သည်။ တော်ဝင်ဂျပန်လေကြောင်းလိုင်း Dai Nippon Koku ပိုင်ဆိုင်သော လေယာဥ် ဖြစ်နိုင်ပြီး မြန်မာကိုယ်စားလှယ် အဖွဲ့ စီးနင်းလာသော လေယာဥ်လဲ ဖြစ်နိုင်ပါသည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်