အမေ့ခံအတိတ်
အမေ့ခံအတိတ်

General Aung San

လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်း

ဖေဖော်ဝါရီ ၁၃ ရက် သည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သည်။ ယခုဓာတ်ပုံသည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ အတွင်း ဗြိတိန်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေစဉ် လန်ဒန်မြို့၊ ဒေါ်ချက်စတာဟိုတယ်၌ ရိုက်ကူးထားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပုံဖြစ်သည်။ ဗိုလ်ချုပ်၏ ဘေးတဖက်တချက်ဆီတွင် သခင်မြနှင့် ဦးတင်ထွဋ်( ကိုယ်စားလှယ် အဖွဲ့၏ ပင်မညှိနှိုင်းရေး တာဝန်ခံ) တို့က ခြံရံထားသည်။ ဗိုလ်ချုပ်၏...

အပြည့်အစုံ ဖတ်ရန်

၁၉၄၃ ခုနှစ် ဒေါက်တာဘမော် ဂျပန်သို့ ရောက်ရှိစဉ်

ဂျပန်နိုင်ငံဝန်ကြီးချုပ် တိုဂျိုအပါအဝင် အခြားသူများနှင့် ဆွေးနွေးမှုများပြုလုပ်ရန် (သခင်မေ၊ ဦးသိန်းမောင်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ) ဒေါက်တာဘမော် ၁၉၄၃ ခုနှစ် မတ်လ၌ ဂျပန်နိုင်ငံသို့ ဆိုက်ရောက်စဉ်။ နောက်မကြာမီတွင် ဒေါက်တာဘမော်သည် ဝင်ရိုးတန်းနိုင်ငံ အင်အားစု၏ မဟာမိတ်ဖြစ်လာသော မြန်မာနိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ သို့မဟုတ် အဓိပတိ ဖြစ်လာလေသည်။

အပြည့်အစုံ ဖတ်ရန်

ရန်ကုန်မြို့ အစိုးရအိမ်တော်၌ ဂျပန်ဗိုလ်ချုပ်ကြီး တရားဝင် လက်နက်ချစဉ်

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရအိမ်တော်၌ ဂျပန်ဗိုလ်ချုပ်ကြီး အီချိဒါဂျီရို (မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော် ခေတ္တ ကာကွယ်ရေး ဦးစီးချုပ်) သည် ဗြိတိသျှ ဗိုလ်မှူးချုပ် အီးပီအီးအမ်းစထရောင်း (E.P.E Armstrong) ရှေ့မှောက်တွင် တရားဝင် လက်နက်ချသည်။ (ဗိုလ်မှူးချုပ် အမ်းစထရောင်းသည် အမှတ် ၁၂ ဗြိတိသျှ တပ်မတော် တပ်မှူး...

အပြည့်အစုံ ဖတ်ရန်

ဒုတိယဗိုလ်ချုပ်ကြီး စလင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြား ဆက်ဆံရေး

၁၉၄၅ ခုနှစ် မေလ ၁၅ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် အောင်လံမြို့နေ၍ ဧရာဝတီမြစ်ကို ဖြတ်ခဲ့သည်။ မေလ ၁၆ ရက်နေ့တွင် မိတ္ထီလာမြို့သို့ လေယာဉ်ဖြင့် ခရီးဆက်ကာ အမှတ် ၁၄ ဗြိတိသျှ တပ်မတော်၏ ဒုတိယဗိုလ်ချုပ်ကြီး ဝီလီယံ စလင်း (Lt. General William Slim)နှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့သည်။ အမှတ်...

အပြည့်အစုံ ဖတ်ရန်

ရွှေတိဂုံဘုရားလမ်းတလျှောက် အောင်ပွဲခံချီတက်နေသော မဟာမိတ်တပ်များ

ဂျပန်ကို စစ်နိုင်သည့်အတွက် အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိ ဗိုလ်ချုပ်ကြီး လော့ဒ်လူဝီမောင့်ဘက်တန်(Lord Louis Mountbatten) ခေါင်းဆောင်သော မဟာမိတ်တပ်ဖွဲ့များ၏ အောင်ပွဲခံ စစ်ရေးပြပွဲကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်သည်။  အောင်ပွဲခံအခမ်းအနားတွင် လော့ဒ်လူဝီမောင့်ဘက်တန်နှင့်အတူ တက်ရောက်အလေးပြုခဲ့သော မဟာမိတ် စစ်ခေါင်းဆောင်များတွင် ထိုမတိုင်ခင်ကမှ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးခန့်အပ်ခံရထားသော ဗိုလ်ချုပ်အောင်ဆန်းလည်း ပါဝင်သည်။ စစ်ရေးပြချီတက်ရာ၌...

အပြည့်အစုံ ဖတ်ရန်

မြန်မာနိုင်ငံမှ စွန့်ခွာရန် ဗြိတိသျှတို့၏ ဆုံးဖြတ်ချက်

၂၀ ရာစုနှစ် မြန်မာ့သမိုင်းကြောင်း တစ်လျှောက်တွင် အရေးကြီးဆုံးသော နေ့များထဲမှ တစ်နေ့၊ အရေးကြီးဆုံးနေ့ တစ်နေ့ဟုပင် ဆိုနိုင်ပါသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အင်္ဂလန် ဝန်ကြီးချုပ် ကလီမန့်အက်တလီ (Clement Attlee) သည် အစိုးရအဖွဲ့၏ လိုလားချက်ကို လွှတ်တော်ထံ အကြောင်းကြားလိုက်သည်။ “ဓနသဟာယအဖွဲ့ဝင် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ...

အပြည့်အစုံ ဖတ်ရန်

ဗိုလ်ချုပ်အောင်ဆန်း အသက် ၃၁ နှစ်အရွယ်က ဓာတ်ပုံ

ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုများ အောင်မြင်ခဲ့သော ကာလက ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က ဗြိတိသျှအင်ပါယာနှင့် မြန်မာပြည် လွတ်လပ်ရေးကိစ္စ ညှိနှိုင်းဆွေးနွေးဖို့ သွားရောက်စဉ် အမှတ် ၁၀၊ ဒေါင်းနင်းလမ်း၌ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်၏ ဝဲဘက်တွင် ရှိနေသူမှာ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်နှင့် အတူ ဆွေးနွေးညှိနှိုင်းမှုများတွင်...

အပြည့်အစုံ ဖတ်ရန်

ဦးအောင်ဆန်းနှင့် ပန်ဒစ်နေရူးတို့၏ သမိုင်းဝင် တွေ့ဆုံပွဲ

ဖဆပလ ခေါင်းဆောင်ကြီးသည် မြန်မာပြည် လွတ်လပ်ရေး အတွက် ဝန်ကြီးချုပ် ကလီမန့် အက်တလီ (Clement Attlee) နှင့် တွေ့ဆုံဆွေးနွေးရန် လန်ဒန်မြို့သို့ ခရီးထွက်စဉ်က လမ်းတစ်ထောက်၌ နေရူးနှင့် တွေ့ဆုံခဲ့သည်။ ထိုအခိုက် ပန်ဒစ်နေရူးသည် ဗိုလ်ချုပ်အောင်ဆန်း ဝတ်ဆင်ထားသော အပူပိုင်းဒေသ ဝတ်စုံမှာ သမိုင်းတွင် အအေးဆုံး ဆောင်းတွင်းကို ရင်ဆိုင်နေရသည့် လန်ဒန် ရာသီဥတုနှင့် မကိုက်ညီကြောင်း...

အပြည့်အစုံ ဖတ်ရန်

၁၉၄၇ ခုနှစ်က ဆန္ဒပြပွဲတစ်ခုကို ဦးဆောင်လာသော ဦးအောင်ဆန်း

၁၉၄၇ ခုနှစ် ဇွန်လတွင် ဥပဒေပြုကောင်စီ အစည်းအဝေး တက်ရောက်ရန် အတွင်းဝန်များရုံးသို့ မသွားမီ ဒလဟိုဇီအောက်လမ်းတွင် ဆန္ဒပြပွဲတစ်ခုကို ဦးဆောင်လာသော ဦးအောင်ဆန်းကို တွေ့မြင်ရသည့်ပုံ ဖြစ်သည်။

အပြည့်အစုံ ဖတ်ရန်

ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ဦးအောင်ဆန်းသည် မြို့တော်ခန်းမ လေသာဆောင်မှ ဖစ်ရှ်ရင်ပြင် (ယခု မဟာဗန္ဓုလပန်းခြံ) ရှိ ပရိသတ်ကို နောက်ဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့သည်။ သူသည် ထိုစဉ်က ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်၏ လက်အောက်တွင် ဖွဲ့စည်းသည့် ကြားဖြတ်အစိုးရ၏ ခေါင်းဆောင် (ယခင်က ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာ ဝန်ကြီးနှင့် အမှုဆောင်ကောင်စီ၏ ဒုတိယ...

အပြည့်အစုံ ဖတ်ရန်

၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော အထိမ်းအမှတ် ပြည်ထောင်စုနေ့

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့သည် ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် ချုပ်ဆိုသည့် နှစ်ပတ်လည် ဖြစ်သည်။ ပင်လုံစာချုပ်နှင့် ဆက်စပ်ပြီး ဒဏ္ဍာရီအတော်များများ ရှိသော်လည်း မည်သည့်အချက်မှာ အမှန်တကယ် ဖြစ်ခဲ့သည်ကို ခွဲခြားသိမှတ်ထားရန် အရေးကြီးလှပေသည်။ အရင်းခံအားဖြင့် ပင်လုံစာချုပ်သည် ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည် လွတ်လပ်ရေးယူရန် အသွင်ကူးပြောင်းရေး အစီအစဉ်များ အတွက် သဘောတူစာချုပ်တစ်ခု ဖြစ်သည်။...

အပြည့်အစုံ ဖတ်ရန်

အောင်ဆန်းအက်တလီ စာချုပ်

၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်မှ ၂၇ ရက် အတွင်း လန်ဒန်မြို့တွင် ဗြိတိသျှအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ကလဲမင့် အက်တလီနှင့် ဦးအောင်ဆန်း ခေါင်းဆောင်သော မြန်မာဧည့်သံတမန် အဖွဲ့တို့ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲများမှ “အောင်ဆန်း-အက်တလီ စာချုပ်” ဖြစ်လာခဲ့သည်။ “အောင်ဆန်း-အက်တလီ စာချုပ်”တွင် ပါဝင်လက်မှတ်ရေးထိုးသူများ၏ တူညီသော ရည်မှန်းချက် တစ်ရပ်မှာ “ဗြိတိသျှဓနသဟာရ...

အပြည့်အစုံ ဖတ်ရန်