အမေ့ခံအတိတ်
အမေ့ခံအတိတ်
သူ့ခေတ်သူ့အခါက ကရင်လူမျိုးနိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ဒေါက်တာ စံစီဖိုး
event_note ခေတ်ကာလများပြပုံ

၁၈၇၀ - ၁၉၄၆

သူ့ခေတ်သူ့အခါက ကရင်လူမျိုးနိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ဒေါက်တာ စံစီဖိုး

Read in English

သူ့ခေတ်သူ့အခါက ကရင်လူမျိုးနိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ဒေါက်တာ စံစီဖိုးကို ၁၈၇၀ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ ပုသိမ်မြို့အနီးတစ်နေရာတွင် ဖွားမြင်ခဲ့သည်။ အသက် ၁၄ နှစ်အရွယ်တွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် အယ်လ်ဘန်နီ၌ ဆေးပညာသင်ယူခဲ့သည်။ (မြန်မာပြည်သို့ ပြန်မလာခင်အချိန်ထိ သူသည် ပထမဦးဆုံးသော မြန်မာ-အမေရိကန်လူမျိုး ဖြစ်လာခဲ့သည်ဟု ထင်သည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံရေးလောကသို့ ဝင်ရောက်ရန် အမေရိကန်နိုင်ငံသားလက်မှတ်ကို စွန့်လွှတ်ခဲ့သည်။) သူသည် စာရေးဆရာ၊ ဆရာဝန်တစ်ဦးဖြစ်သလို နိုင်ငံရေးသမား၊ ကရင်အမျိုးသားရေး ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဥပဒေပြုကောင်စီတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉ ၃၃ ခုနှစ်တွင် ဆာဘွဲ့ဖြင့် သူကောင်းပြုခြင်း ခံရပြီး ၁၉ ၄၆ ခုနှစ်တွင် ကွယ်လွန်သည်။ သူ၏ သမီးဖြစ်သူ မစ္စဘမောင်ချိန်သည် ဦးနုအစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် နှစ်အတော်ကြာ ဆောင်ရွက်ခဲ့သည်။ ဖော်ပြပါဓာတ်ပုံမှာ ဒေါက်တာစံစီဖိုး (အလယ်တွင်ထိုင်နေ)နှင့် ၁၉ ၂၀ ပြည့်လွန်နှစ်များ၏ ဥပဒေပြုကောင်စီတွင် ပါဝင်သည့် အခြားသော ကရင်တိုင်းရင်းသား အဖွဲ့ဝင်များဖြစ်ကြသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉ ၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်