အမေ့ခံအတိတ်
အမေ့ခံအတိတ်
စီးတော်ယာဉ်ပေါ်မှ စတိုင်ကျကျ စော်ဘွား
event_note ခေတ်ကာလများပြပုံ

ဇန်နဝါရီ ၁၉၀၆

စီးတော်ယာဉ်ပေါ်မှ စတိုင်ကျကျ စော်ဘွား

Read in English

၁၉၀၆ ခုနှစ် ဇန်နဝါရီလတွင် အလည်အပတ်လာသော ဝေလမင်းသားအား ဧည့်ခံကြိုဆိုပွဲမှ အပြန် ကမ်းနားလမ်းတွင် တွေ့ရသော မိုင်းပွန်စော်ဘွား၏ ပုံဖြစ်သည်။ မိုင်းပွန်စော်ဘွား စဝ်ခွန်ထီသည် ၁၈၈၀ပြည့်နှစ်များအတွင်း (သီပေါမင်းကို ဆန့်ကျင်ပုန်ကန်သည့်) လင်းပင်းမဟာမိတ်အဖွဲ့တွင် အဓိကလှုပ်ရှားသူ တစ်ယောက် ဖြစ်ခဲ့သည်။ သူသည် စဝ်စံထွန်း၏ ဖခင်လည်း ဖြစ်သည်။ (စဝ်စံထွန်းမှာ တောင်တန်းဒေသများအတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် လုပ်ကြံခံခဲ့ရသည်။) ဗြိတိသျှမြန်မာအစိုးရကို မိုင်းပွန်စော်ဘွားက တစ်နှစ်လျှင် ၄၅၀၀ ရူပီး (ကျပ်) နှစ်စဉ် အခွန်ပဏ္ဏာ ဆက်သခဲ့သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်