အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်ရောက် အီသီယိုးပီးယား ဧကရာဇ်
event_note ခေတ်ကာလများပြပုံ

နိုဝင်ဘာ ၁၉၅၆ - ဒီဇင်ဘာ ၁၉၅၆

ရန်ကုန်ရောက် အီသီယိုးပီးယား ဧကရာဇ်

room Myanmar

people U Ba U Emperor Haile Selassie

Read in English

ဘုရင် ပထမမြောက် ဟိုင်လဲဆယ်လာစီ (Hailee Selassie I, ယုဒ (Judah) ၏ အောင်နိုင်သော ခြင်္သေ့၊ ဆော်လမွန်ဘုရင် (King Solomon) နှင့် ရှီဗာ ဘုရင်မ (Queen of Sheba) ၏ မျိုးဆက်၊ ဘုရားသခင်၏ ရွေးချယ်ခြင်း ခံရသူ) သည် ၁၉၃၀ ပြည့်နှစ်မှ ၁၉၇၄ ခုနှစ် အထိ အီသီယိုးပီးယားနိုင်ငံ (Ethiopia) ကို အုပ်စိုးခဲ့သည်။ ရက်စတာဖာရီယန်များ (Rastafarian) က သူသည် မေရှိယ (Messiah) ဟု ယုံကြည်၍ ရိုးသေကြသည်။ ကမ္ဘာက သူ့ကို ၁၉၃၅-၃၆ ခုနှစ်များတွင် အီတလီနိုင်ငံ (Italy) ၏ ကျူးကျော်မှုကို ခုခံခဲ့သူ အဖြစ် သိကြသည်။ ထို့ပြင် နိုင်ငံပေါင်းချုပ် အသင်းကြီး (League of Nations) ကို စိတ်အားထက်သန်စွာ အကူအညီ တောင်းသည့် မိန့်ခွန်းကလည်း ထင်ရှားသည်။ ယခုအခါ မြန်မာပြည်တွင် ၁၉၅၆ ခုနှစ်က ဟိုင်လဲဆယ်လာစီ၏ သမိုင်းဝင် အလည်အပတ်ခရီးကို မှတ်မိသူ မရှိသလောက် ဖြစ်သည်။ သို့သော် သူသည် မြန်မာနိုင်ငံကို လာရောက်ဖူးသည့် တစ်ဦးတည်းသော အာဖရိကန် နိုင်ငံ့ခေါင်းဆောင် ဖြစ်သည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံကာ လွှတ်တော်တွင် မိန့်ခွန်းပြောကြားပြီနောက် သမ္မတကြီးဦးဘဦးက ရန်ကုန်မြို့ရှိ အစိုးရအိမ်တော် (သမ္မတအိမ်တော်) တွင် ညစာစားပွဲဖြင့် ဧည့်ခံစဥ်က ရိုက်ကူးထားသောာ ဓါတ်ပုံ ဖြစ်သည်။ ဓါတ်ပုံ : မစ္စ ဦးဘဆွေ

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်