
၁၉ ဇွန် ၁၉၃၇
ရန်ကုန်မြို့ရောက် နာမည်ကျော် လေယာဉ်မှူး အမီလီယာ အဲဟာ့တ်
room United States
ကမ္ဘာကို တစ်ပတ်ပတ် ပျံသန်းရန် ကြိုးစားသည့် သူမ၏ခရီးစဉ်အတွင်း ၁၉၃၇ ခုနစ် ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်သို့ နာမည်ကျော် လေယာဉ်မှူး အမီလီယာ အဲဟာ့တ် (Amelia Earhart) ဆိုက်ရောက်လာခဲ့သည်။ နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်အကြာတွင် သူမသည် တောင်ပစိဖိတ် သမုဒ္ဒရာထက် ပျံသန်းရင်း ပျောက်ဆုံးသွားခဲ့သည်။ သူမ၏ နောက်ဆုံးလေကြောင်းခရီးသည် ယနေ့တိုင် အဖြေမတွေ့သေးသော ပုစ္ဆာဖြစ်သည်။ သူမသည် အတ္တလန္တိတ် သမုဒ္ဒရာကို တစ်ဦးတည်း လေယာဉ်မောင်းကာ ဖြတ်သန်းခဲ့သော ပထမဦးဆုံးသော အမျိုးသမီးလေယာဉ်မှူး ဖြစ်ရုံသာမက လေယာဉ်ပျံသန်းခြင်းဆိုင်ရာ စံချိန် အမျိုးမျိုးကို တင်နိုင်ခဲ့သူဖြစ်သည်။ ထို့အပြင် သူမသည် နာမည်ကျော် စာရေးဆရာမတစ်ဦးလည်း ဖြစ်ပေသည်။ ဓာတ်ပုံမှာ မင်္ဂလာဒုံလေဆိပ်တွင် ရိုက်ကူးထားခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းမ်(Rangoon Times)မှ အယ်ဒီတာများနှင့် အင်တာဗျူးဖြေနေသည့်အခိုက် ဖြစ်သည်။
ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်